မြန်မာအာကာသအေဂျင်စီတွင် တပ်မတော်အရာရှိ ၁၉ ဦး ပြောင်းရွှေ့ခန့်အပ်
မြန်မာအာကာသအေဂျင်စီ (MSA) တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၉ ဦးနှင့် ဗိုလ်ကြီး ၄ ဦး စုစုပေါင်း အရာရှိ ၁၉ ဦးကို ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါခန့်အပ်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအတည်ပြုချက်အရ နိုင်ငံတော်သမ္မတရုံးက ၂၀၂၆ ခုနှစ် ဇွန် ၃ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ခန့်အပ်ရာတွင် ဒုတိယဗိုလ်မှူးကြီး ၃ ဦးအား ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကျန်သူများအား ညွှန်ကြားရေးမှူးများအဖြစ်လည်းကောင်း၊ ဗိုလ်မှူး ၈ ဦးအား ဒုတိယညွှန်ကြားရေးမှူးများနှင့် ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦးအား လက်ထောက်ညွှန်ကြားရေးမှူးများအဖြစ် ခန့်အပ်ခဲ့သည်။
မြန်မာအာကာသအေဂျင်စီကို ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးရေး၊ ဂြိုဟ်တုဆိုင်ရာလုပ်ငန်းများနှင့် အာကာသနည်းပညာအသုံးချရေးများကို ဆောင်ရွက်ရန် ရည်ရွယ်ထားသည်။
#SN
Forwarded fromSitt Naing News
8
5
1


