စက် ၅ စနေ မနက် USDP ပြည်ထောင်စုနယ်မြေ Bulletin… — Truth Waves — TG.ME

စက် ၅ စနေ မနက်
USDP ပြည်ထောင်စုနယ်မြေ Bulletin ;

နိုင်ငံတကာထူးခြားသတင်းမှာ -

နီပေါရေကြီးမှု့ ၉ ရက်ကြာပြီးနောက် ရေအားလျှပ်စစ်စက်ရုံ အမှတ် ၃ လှိုင်ခေါင်းအတွင်း ပိတ်မိနေသူ ၂ ဦး အား ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၃၉ ဦးကိုဆက်ရှာနေသည်။

ယ္ခုနှစ်အတွင်း ၇ ခုမြောက်အဖြစ် ဆော်ဒဲ အမည်ရှိ တိုင်ဖုန်း မုန်တိုင်း၊ ဖူကျန်းပြည်နယ်အတွင်းဝင်ရောက်နေ၍ ရေကြီးရေလျှံ ဖြစ်ကာ ကျောင်းများပိတ်ထားရသည်။

ဆော်ဒီ ၊ တူရကီ ၊ ပါကစ္စတန် တို့ မက္ကာလုံခြုံရေးမဟာမိတ်စာချုပ် ချုပ်ဆိုခဲ့ရာ အဆိုပါအဖွဲ့ကို အစ္စလန်းမစ်နေတိုး ဟု သမုဒ် နေကြသည်။

ဟော်မုဇ် သို့ ရေတပ်အချို့စေလွှတ်ရန် စဥ်းစားနေကြောင်း တောင်ကိုးရီးယား သမ္မတရုံး က ပြောသည်။

ရုရှားနိုင်ငံ အရှေ့မြောက်ပိုင်း ဆာခါရီ ကျွန်းပေါ်၌ MI - 8 ရဟတ်ယာဥ် စက်ချို့ယွင်း၍ အဝေးပြေးလမ်းပေါ် အရေးပေါ်ဆင်း ၊ ပါလာသူ ၈ ဦး အန္တရာယ်ကင်းသည်။

ကယ်လီဖိုးနီးယားတွင် ကျောက်ကပ်ပျက်ဆီး၍ တစ်ပါတ် ၂ ကြိမ်ဆေးခဲ့ရသည့် တွမ်အင်ဒရူး ဆိုသူ ၊ ဝက် ၏ ကျောက်ကပ်ဖြင့် အစားထိုးလဲလှယ်ပေးခဲ့ရာ ၂၇၁ ရက်ကြာသည်အထိ စံချိန်တင် ကျန်းမာလျှက်ရှိသည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ WMO က ယ္ခုနှစ်ကုန်တွင် ဆယ်စုနှစ်အတွင်းအဆိုးဝါးဆုံး အယ်နီညို ဖြစ်စဥ်ကြောင့် မိုးခေါင်ခြင်း ၊ ပူပြင်းခြောက်သွေ့ခြင်း ၊ အပူရှိန်မြင့်တက်ခြင်း တို့ ဖြစ်ပေါ်မည်ဟု ကြေငြာသည်။

ပြည်တွင်းထူးခြားသတင်းမှာ -

ရေဖြူမြို့နယ် ကျွဲတလင်းရွာ မိမိစခန်း KNU/PDF ဝင်တိုက် ၊ အလောင်းနှင့်လက်နက် ကျန်ခဲ့ပြီး ၎င်းတို့ ထွက်ပြေးသွားသည် ။

ပခုက္ကု မြစ်ခြေ ရှိ မိမိ စခန်း PDF လာတိုက်ရာ အလောင်း လက်နက် ကျန်ခဲ့ပြီး ၎င်းတို့ ဆုတ်ခွာထွက်ပြေးသည်။

မရမ်းကုန်း မစ္စတာဒယ်ဒီ ဟော့ပေါ့ဆိုင်ပိုင်ရှင် ဒေါ်ဖြိုးဇာလတ် အား ဆိုင်ပိတ်ခါနီးအချိန် လူ ၄ ဦးမှ ဒါးနှင့် ၃ ချက်ထိုး ၊ ဖုံး ၃ လုံးနှင့် ငွေ ၁၀ သိန်း လုပြေးသူ ၄ ဦးစလုံးဖမ်းမိသည်။

ဗဟိုဘဏ်က ဒေါ်လာမရောင်းတော့၍ ကားစျေးအပါအဝင် သွင်းကုန်များ စျေးတက်သည်။

တောင်ငူ နှင့် ဒဂုံဆိပ်ကမ်း ၉၁ ရပ်ကွက်တွင် ကျပ် ၁.၅ ဘီလျံ တန် ဘိန်းဖြူ ၆ ကီလိုနှင့် ဆေးပြား ၆ သိန်း ၊ လူ ၃ ဦး ၊ ကား ၂ စီး ဖမ်းမိသည်။

ပြင်ဦးလွင် အနီးစခန်း တောင်ကျွန်း ကျေးရွာအနီး ဖြူ ထောင်သောမုဆိုး တစ်ဦးမှ အရှည်ပေ ၁၀၀၀ ကျော်ရှိ လှပသော ကျောက်စက်ပန်းဆွဲများဖြင့် သဘာဝ အတိုင်းရှိနေသော လှိုင်ဂူ အသစ်တစ်ခု တွေ့ရှိသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် -

နိုင်ငံတော်သမ္မတ နှင့် ဇနီး သည် ဗီယက်နမ် နိုင်ငံသို့ တရားဝင် အလည်အပါတ်ခရီးစတင်ရန် နေပြည်တော်လေဆိပ်မှ ထွက်ခွာသည်။

USDP ပြည်ထောင်စုနယ်မြေဥက္ကဌ ဦးလှဆွေ သည် မနက်ပိုင်း တွင် ရွှေကြာပင်ရုံး၌ ရန်ကုန်တိုင်း တိုးကြောင်လေးမှပြည်သူတစ်ဦး ၊ ထားဝယ် မှ ပြည်သူ တစ်ဦး ၊ တပ်ကုန်း မှ ပြည်သူတစ်ဦး ၊ လယ်ဝေးမှ ပြည်သူတစ်ဦး တို့၏ အခက်အခဲများတင်ပြချက်ကို ကောင်းစွာ ရေးမှတ်ယူခဲ့သည်။
#News
👍17❤7
September 4, 2026 507 5