ရုရှားနိုင်ငံ Sakhalin Oblastဒေသ၊ Dolinsky District၌ Mi-8… — Truth Waves — TG.ME

ရုရှားနိုင်ငံ Sakhalin Oblastဒေသ၊ Dolinsky District၌ Mi-8 ရဟတ်ယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရ
2-9-2026
ရုရှားနိုင်ငံ၊ Cape Terpeniya ဘက်မှ ပျံသန်းလာတဲ့ Mi-8 အမျိုးအစား ရဟတ်ယာဉ်တစ်စီး Sokol လေဆိပ်/ လေယာဉ် ကွင်းအနီး ရောက်ခါအနီး၌  ရုတ်တရက် အမြင့်ဆုံရှုံးပြီး လမ်းမပေါ် ကို ဆင်းသက်ခဲ့ရကြောင်း သိရသည်။

ထိုသို့ဆင်းသက်စဉ် လမ်းဘေး မြောင်းထဲသို့ လျှောကျပြီး ဘေးစောင်းမှောက်သွားကာ ရဟတ် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူအနည်းငယ်ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ခြစ်ဒဏ်ရာရရှိခဲ့ပြီး လမ်းပေါ်ရှိ အခြား ယာဉ်များနှင့် လူများ ထိခိုက်/သေဆုံးမှုများ မရှိကြောင်း သိရသည်။

အဆိုပါရဟတ်ယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၃ ဦး၊ Sakhalin ဒေသ ရွေးကောက်ပွဲ ကော်မ ရှင်ဝန်ထမ်း ၁ ဦးနဲ့ ဒေသခံသတင်းမီဒီယာသမား ၄ ဦး စုစုပေါင်း လူ ၈ ဦး ပါရှိပြီး အဝေးပြေး/သွားလာရခက်တဲ့ဒေသတွေမှာ ကျင်းပနေတဲ့ State Duma ရွေးကောက်ပွဲ ကြိုတင်မဲ ပေးမှု နဲ့ ပတ်သက်ပြီး သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
SMT
❤8👍5😱1🎉1
September 2, 2026 437 6