စက် ၃ ရက် ကြာသပ​တေး မနက် USDP ပြည်​ထောင်စုနယ်​မြေ Bulletin… — Truth Waves — TG.ME

စက် ၃ ရက် ကြာသပ​တေး မနက်
USDP ပြည်​ထောင်စုနယ်​မြေ Bulletin ;


နိုင်ငံတကာထူးခြားသတင်းမှာ -

ကန် သည် အီရန်နိုင်ငံအတွင်းရှိ စစ်​ရေးပစ်မှတ်များကို ဗုံးဆက်ကြဲ ပြီး အီရန်ကလည်း ​ဒေသတွင်း ၄ နိုင်ငံရှိ ကန်စစ်စခန်းများကို ဒရုန်းဖြင့်တိုက်ခိုက်​နေ၍ ​ရေနံ​စျေးတက်သည်။

ရုရှားဒရုန်း တိုက်ခိုက်မှု့​ကြောင့် ယူကရိမ်း ​လေယာဥ်များ အတက်အဆင်းလုပ်​နေ​သော ဂျာမနီ နိုင်ငံ လိုက်ပဇစ် ​လေဆိပ် ၌ ရပ်ထား​သော DHL ကုန်တင်​လေယာဥ် ၁ စင်း ထိမှန်သည် ။

လူ ၂၈၀ ပါ ​ကေအမ် ဘာစီလိုနာ အမည်ရှိ အင်ဒိုနီးရှား ကူတို့သင်္ဘော ဆူလာ​ဝေဆီ အ​နောက်ပိုင်း၌ မီး​လောင်၍ ခရီးသည်များ ​ရေထဲခုန်ချ ၊ အ​သေအ​ပျောက်မသိရ​သေးပါ ။

မ​လေးရှား​ရောက် ဖမ်းမိခိုးဝင်မြန်မာ ၁၀၃၈၈ ဦးအနက် နိုင်ငံသားဖြစ်မှု့မ​သေခြာ​သော ဘင်္ဂလီမပါ ၊ စိစစ်ပြီး မြန်မာ ၁၄၇၆ ဦး ၊ စက် ၂၉ ရက် ၊ ​ရေတပ်သင်္ဘောဖြင့်ပြန်လာမည်။

အ​မေရိကန်အစိုးရ၏ အရက် ၊ ​ဆေးရွက်ကြီး ၊ လက်နက်နှင့် ​ပေါက်ကွဲပစ္စည်း ထိမ်းချုပ်​ရေးဗျူရို ကွန်ပြုတာဆာဗာ အား ရုရှားဟက်ကာအဖွဲ့ထိုး​ဖောက်ဝင်​ရောက်၍ အချက်အလက်များရယူသွားသည်။

ထိုင်းနိုင်ငံ ရ​နောင်းတွင် မြန်မာဘက်ပို့မည့်ကုန်တန်ချိန် သိန်းချီစုပုံ​နေပြီးသွင်းခွင့်မရ၍​ လချီ စောင့်ဆိုင်း​နေရ​ကြောင်း ၊ ပါမစ်ရ​သောသင်္ဘော ၁ စီးသာရှိပြီး ၁ ​ခေါက်လျှင်တန်ချိန် ၂၇၀၀ တင်ပြီး ၁ တန် ကျပ်သိန်း ၈၀ တင်ခရ၍ ၁ လ ၂ ​ခေါက် နှုံးဖြင့် အလုပ်ဖြစ်​နေ​ကြောင်းသတင်းထွက်​ပေါ်သည်။

ပြည်တွင်းထူးခြားသတင်းမှာ -

​ရွှေကူအထက်ဆန်တက်​သော သင်္ဘော ၂ စင်း ၊ စင်းခမ်းတံတားအနီး တိုက်ခိုက်ခံရ၊ ၁ စင်းနစ်မြုပ် ၊ စစ်သားများ KIA ဖမ်းသည်။

ထားဝယ်မြို့​ပေါ် သစ္စာပြင်ရပ်ကွက်​နေ ဦးထွန်းဝင်း နှင့် ဇနီး အား PDF ဝင်သတ် ၊ ​ရွှေ​ငွေ ၊ ဖုံး ၊ ဆိုင်ကယ် များယူသွားသည်။

တပ်မ​တော်ထိမ်းချုပ် ဖလမ်းမြို့ NON CDM နှင့်ပြည်သူ ၆၀၀၀ ​ကျော်ပြန်လည်ဝင်​ရောက်​နေထိုင်ကြပြီး က​လေးမြို့နှင့် ပုံမှန်ကားလိုင်း​ပြေးဆွဲသည်။

​မော်ချီး ဆု​တောင်း​တောင် ခဲလုပ်ကွက် ဗုံးကြဲ ၊ KNPP ၆ ဦး​သေ ၊ ၉ ဦးဒဏ်ရာရသည်။

ဒုသမ္မတ ဦးညို​စော ရုရှားသွား၍ MI - 35 ရဟတ်ယာဥ်စက်ရုံ မြန်မာ၌ တည်​ဆောက်ရန် ညှိနှိုင်းသည်။

သမ္မတ ဦးမင်း​အောင်လှိုင် စက် ၄ မှ ၆ အထိ ဗီယက်နမ် သွားမည်။

ကျိုင်းတုံ - ​တောင်ကြီးလမ်း မိုင်တိုင် ၅၅၆ KM အနီး ဧကရာဇ် အိပ်စပရက် ​ဂျောက်ထဲကျ ၊ ၁ ဦး​သေ ၊ ၁၉ ဦးဒဏ်ရာရသည်။

​ထောက်ကြံ့​စျေးအတွင်း အမျိုးသမီး ၂ ဦး လုံး​ထွေးသတ်ပုတ် ၊ ဒါးပါလာ​သောအမျိုးသမီးက ထိုး၍ အသက် ၅၃ နှစ်အရွယ်အမျိုးသမီး​သေ ၊ တရာခံထွက်​ပြေးသည်။

#News
👍13❤7😱2🥰1
September 3, 2026 474 2 6