လူငယ်များ ဆိုရှယ်မီဒီယာများသုံးစွဲခြင်းကို စည်းကမ်းတကျစီမံကြပ်မတ် ဆောင်ရွက်ပေးကြရန် မိဘများအနေနဲ့ လိုအပ်ပြီး စာကောင်းပေမွန်များဖတ်ရှု၍ အလေ့အကျင့်ကောင်းများ မွေးမြူရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်း
၃-၉-၂၀၂၆
ယနေ့ကမ္ဘာကြီးသည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ Mobile Phone သုံးစွဲမှု နှင့်အတူ လူမှုကွန်ရက် ပလက်ဖောင်းအသီးသီးတွင် သုံးစွဲမှုများသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်ကိုတွေ့ မြင်ကြရမည် ဖြစ် ကြောင်း၊
သုံးစွဲမှုအရွယ်များကို လေ့လာကြည့်ပါက KG မတိုင်မီအရွယ်အပါအဝင် အဆင့်မြင့်တက္ကသိုလ်ပညာသင် အရွယ် များအထိ ပါဝင်နေသည်ကိုတွေ့မြင်နေရကြောင်း၊
လူမှုကွန်ရက်ပလက်ဖောင်း မျိုးစုံကတစ်ဆင့် သတင်းတု၊ သတင်းမှားများဖတ်မိပြီး စိတ်အလိုလိုက်ကာ လွဲမှား သည့် အယူအဆအမှားများကတစ်ဆင့် လမ်းမှား၊ ဘဝပျက်ခဲ့ရသည့် လူငယ်များရှိနေသကဲ့သို့ လူငယ်များ၏ လောကနီတိ ဖွံ့ ဖြိုးမှု၊ လူငယ်များ၏စွမ်းရည်မြင့်မားရေးဆိုင်ရာလေ့လာမှု အပိုင်းများတွင်စိတ်ပါဝင်စားမှုနှင့်လိုက်နာမှုများ တစ်စတစ်စ လျော့ပါးလာသည့် အနာဂတ်အန္တရာယ်များကို တွေ့မြင်နေရကြောင်း။
ထို့ကြောင့် မိဘများအနေဖြင့် မိမိတို့၏သားသမီးများ ဆိုရှယ်မီဒီယာများသုံးစွဲခြင်းကိုစည်းကမ်းတကျစီမံကြပ် မတ် ဆောင်ရွက်ပေးကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ လူသား တို့၏ ဘဝအဖော်မွန်ကောင်းတစ်ခုသည် စာကောင်း ပေမွန် များပင်ဖြစ်ကြောင်း၊
ထို့ကြောင့် စာကောင်းပေမွန်များဖတ်ရှုခြင်းဖြင့် ဘဝ၏ စဉ်းစားတွေးခေါ်မှုများ၊ ဘဝ၏ဆုံးဖြတ်ချက်များ၊ ဘဝ ရပ်တည်မှုများသည် မြင့်မားသည်ထက် မြင့်မားလာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် တတ်မြောက်ထားသည့် အတန်း ပညာများသာမက အသိပညာ၊ အတတ်ပညာများကိုပါ ပိုမိုရင့်သန်စေခြင်းဖြစ်၍ လက်ရှိငယ်ရွယ်စဉ်ကတည်းက စာပေ များ ဖတ်ရှုခြင်းဝါသနာကို မွေးကြရန် လိုအပ်ကြောင်း။
"၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစု ဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ အခြေခံပညာလူ ရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားစက်တင်ဘာ ၂ရက်နေ့ကပြုလုပ်သည့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတွင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ဂုဏ်ပြုအမှာစကားပြောကြားချက်မှ ကောက်နုတ်ဖော်ပြချက်။"

