ရှမ်းမြောက်တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ဒေသခံတို့ စိုးရိမ်
သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆
ရှမ်းမြောက်၌ ကိုးကန့်တို့က တရုတ်ဘာသာစကား ရုံးသုံးပြဋ္ဌာန်းရာမှအစ သမိုင်းစဉ်ဆက်ခေါ်ဝေါ်လာသည့် မြို့ရွာများအမည်ပြောင်းခြင်း၊ ဒေသခံများ၏ ယဉ်ကျေးမှုအပေါ် လေးစားလိုက်နာမှုမရှိခြင်းသာမက မြေယာပိုင်ဆိုင်ခွင့် ကိစ္စရပ်များအဆုံး မကျေနပ်မှုများ ပိုမိုတိုးလာရာ နှစ်ဖက်တိုက်ပွဲများ ဖြစ်လာမည်ကို ဒေသခံတို့က စိုးရိမ်နေသည်။
၁၀၂၇ စစ်ဆင်ရေးအပြီး ကိုးကန့်ဒေသကိုသာမက ရှမ်းစော်ဘွားတို့ အုပ်ချုပ်ခဲ့သည့် သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ တာမိုးညဲ တို့ကို သိမ်းထားသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)ကိုးကန့်တပ်သည် ဒေသခံများနှင့် ကျွမ်းဝင်မှုမရှိသည့် တရုတ်ဘာသာစကားကို သုံးရန်ဖိအားပေးနေပြီး ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့သည့် မြေယာများကို အဓမ္မသိမ်းဆည်းကာ သမိုင်းနှင့်ယဉ်ကျေးမှုလက္ခဏာများကို အတင်းအကျပ် အစားထိုး ပြောင်းလဲနေကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က ရှမ်းလူထု၊ နိုင်ငံရေးနှင့် လက်နက်ကိုင်တို့ ပါဝင်သည့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက (SSJAC)က ထုတ်ပြန်ခဲ့သည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/27/417258.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
ရှမ်းမြောက်တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ဒေသခံတို့ စိုးရိမ်
ရှမ်းမြောက်၌ ကိုးကန့်တို့က တရုတ်ဘာသာစကား ရုံးသုံးပြဋ္ဌာန်းရာမှအစ သမိုင်းစဉ်ဆက်ခေါ်ဝေါ်လာသည့် မြို့ရွာများအမည်ပြောင်းခြင်း၊ ဒေသခံများ၏ ယဉ်ကျေးမှုအပေါ် လေးစားလိုက်နာမှုမရှိခြင်းသာမက မြေယာပိုင်ဆိုင်ခွင့် ကိစ္စရပ်များအဆုံး မကျေနပ်မှုများ ပိုမိုတိုးလာရာ နှစ်ဖက်တိုက်ပွဲများ…
43
7
4
4October 27, 2026 4K 4