သီတင်းကျွတ်ညမှာ ပေါ်ထွက်လေ့ရှိတဲ့ မဲခေါင်မြစ်က ဆန်းကြယ်သော "နဂါးမီးလုံးများ"
အောက်တိုဘာ ၂၉၊ ၂၀၂၆
သီတင်းကျွတ်လပြည့် ဆိုတာ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရားတော်ကို သုံးလလုံးလုံး ဟောကြားပြီး လူ့ပြည်ကို ပြန်ကြွလာတဲ့ နေ့ထူးနေ့မြတ်ပါ။ အဲဒီအချိန်မှာ လူတွေရော နတ်တွေ၊ ဗြဟ္မာတွေပါ ဘုရားရှင် ပြန်ကြွလာတာကို ကြိုဆိုတဲ့အနေနဲ့ လမ်းဘေးဝဲယာမှာ ဆီမီးတွေ၊ မီးရှူးမီးတိုင်တွေ ထွန်းညှိ ပူဇော်ခဲ့ကြတာတယ်လို့ ဆိုပါတယ်။။ အဲဒီကနေမှ စပြီး သီတင်းကျွတ် မီးထွန်းပွဲတော် ရိုးရာဆိုတာ ဖြစ်လာတာပေါ့။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း မဲခေါင်မြစ်ဘေးမှာတော့ သီတင်းကျွတ်လပြည့်ညမှာ ဘုရားရှင် တာဝတိံသာကနေ ပြန်ကြွလာတာကို မြစ်စောင့် နဂါးမင်းနဲ့ အပေါင်းအပါတွေက မီးလုံးတွေ လွှတ်တင်ပြီး ပူဇော်ကြတယ်လို့ ဒေသခံတွေက ယုံကြည်ထားကြတယ်။
#မြန်မာ #ဧရာဝတီ #နဂါး #မီးလုံး #မဲခေါင်မြစ် #သီတင်းကျွတ်
34
9
3
2October 29, 2026 3.5K 11