မြန်မာလူ့အခွင့်အရေးကော်မရှင်ကို ဒေသတွင်းအဖွဲ့ ပြန်စိစစ်နေ သတင်း |… — The Irrawaddy - Burmese — TG.ME

မြန်မာလူ့အခွင့်အရေးကော်မရှင်ကို ဒေသတွင်းအဖွဲ့ ပြန်စိစစ်နေ

သတင်း | ဖိုးတာ၊ အောက်တိုဘာ ၆၊ ၂၀၂၆။

မြန်မာနိုင်ငံ၏ စစ်အုပ်စုလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်၏ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ကို ပြန်လည်သုံးသပ်မည်ဟူသော ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့ကြီး၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံနှင့် ဒေသတွင်းမှ လှုပ်ရှားသူများက ကြိုဆိုလိုက်ကြသည်။

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (SEANF) က နိုင်ငံအတွင်း အာဏာသိမ်းထားသော စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင်ရှိသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ၏ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ဆိုင်ရာ အရည်အချင်းကို ပြန်လည်သုံးသပ်လျက်ရှိကြောင်း စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် မလေးရှားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အဖွဲ့ဝင် ၆ နိုင်ငံပါ အဆိုပါအဖွဲ့သည် လာမည့်နှစ်တွင် ဥက္ကဋ္ဌတာဝန်ကို ရယူရန် MNHRC ၌ အရည်အချင်း ပြည့်မီမှု ရှိ မရှိ ဆိုသည်ကို အရေးတကြီး စိစစ်သုံးသပ်လျက်ရှိသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/06/416837.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
မြန်မာလူ့အခွင့်အရေးကော်မရှင်ကို ဒေသတွင်းအဖွဲ့ ပြန်စိစစ်နေ
စစ်အုပ်စုလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်၏ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ကို ပြန်လည်သုံးသပ်မည်ဟူသော ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့ကြီး၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံနှင့် ဒေသတွင်းမှ လှုပ်ရှားသူများက ကြိုဆိုလိုက်ကြသည်။
❤24👍18
October 6, 2026 816 2