ကန့်ဘလူအရှေ့ခြမ်းက ဘုန်းကြီးကျောင်းများကို စစ်တပ် ဗုံးကြဲ
ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းများကို ယနေ့နံနက် ၉နာရီခန့်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး အနည်းဆုံး ၃ ဦး ထိခိုက်ဒဏ်ရာရကြောင်းနှင့် ထိခိုက်ပျက်စီးမှုများကြောင်း ဒေသခံများက ဆိုသည်။
မကွေးလေတပ်မှ တက်လာသည့် ဂျက်တိုက်လေယာဉ် ၂ စီးသည် ကန့်ဘလူမြို့ နယ် အရှေ့ဘက်ခြမ်းရှိ ချောင်းရှည်ရွာ တောဘုန်းကြီးကျောင်း၊ ထန်းတော့ဘုန်းကြီးကျောင်းနှင့် ချောင်းရှည်ရွာ တောတဲတိုက်အနီး လာရောက်ကြဲချခဲ့ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ခြမ်း အင်းလည်ကြီးရွာကို ဒေသခံများ စစ်ရှောင်ရန် ပြင်ဆင်နေချိန် ဗုံးကြဲသဖြင့် ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သည်။
သတင်း-မောင်လူအေး
ဓာတ်ပုံ-CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup
44
6
5
4
1