တရုတ်က ဖမ်းထားသည့် အမေရိကန် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး… — The Irrawaddy - Burmese — TG.ME

တရုတ်က ဖမ်းထားသည့် အမေရိကန် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ရှီနှင့် ထရမ့်တို့ ဆွေးနွေး

ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်သီတင်းပတ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ယမန်နေ့တွင် ပြောသည်။

ဇွန်လအတွင်းက ဖမ်းဆီးခံခဲ့ရသည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP) သုတေသနအဖွဲ့ ဦးဆောင်သူ အမေရိကန်နိုင်ငံသား ကိုမင်းဇင်အပါအဝင် တရုတ်အစိုးရကို ဝေဖန်သူ မီဒီယာသူဌေးကြီး ဂျင်မီလိုင်ကဲ့သို့သော နိုင်ငံရေးအကျဉ်းသားများအရေး ထုတ်ဖော်ပြောဆိုခဲ့ခြင်း ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်း၌ ဖော်ပြသည်။

“ကျနော်တို့ အလွန်အမင်း အရေးပါတဲ့ ဆွေးနွေးမှုအချို့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ထရမ့်က ဆိုသည်။

တိဘက်ဒေသ၊ ဝီဂါ မွတ်စလင်လူနည်းစုအုပ်စုနှင့် တရုတ်နိုင်ငံ၏ 'လူမျိုးစု စည်းလုံးညီညွတ်ရေး' ဥပဒေတို့နှင့် သက်ဆိုင်သည့် လူ့အခွင့်အရေး ကိစ္စရပ်များကို ထရမ့်က တိုက်ရိုက် ပြောဆိုခြင်း ရှိ၊ မရှိကိုမူ အိမ်ဖြူတော်က ပြောကြားခဲ့ခြင်း မရှိပေ။

ဇွန်လအတွင်း တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ကိုမင်းဇင်အား မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအဖြစ် ဝါရှင်တန်က ဩဂုတ်လတွင် သတ်မှတ်ခဲ့သည်။
👍50❤4😁3
October 1, 2026 4.6K 3