ကိုယ်ပိုင်လေယာဉ်ဖြင့် မူးယစ်ဆေး သယ်မည့် မှောင်ခိုဂိုဏ်း လာအိုရဲ ဖမ်း… — The Irrawaddy - Burmese — TG.ME

ကိုယ်ပိုင်လေယာဉ်ဖြင့် မူးယစ်ဆေး သယ်မည့် မှောင်ခိုဂိုဏ်း လာအိုရဲ ဖမ်း

ဧရာဝတီ၊ အောက်တိုဘာ ၅၊ ၂၀၂၆

လာအိုနိုင်ငံ၊ လွမ်ပရာဘမ်ခရိုင်၌ ကိုယ်ပိုင်လေယာဉ်ဖြင့် အိုက်စ် မူးယစ်ဆေး တန်ဝက်ကျော် မှောင်ခိုကူးမည့် မူးယစ်ဂိုဏ်းကြီးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း လာအိုနိုင်ငံပိုင် Lao Security News က ထုတ်ပြန်သည်။

အဆိုပါ ကိုယ်ပိုင်လေယာဉ်သည် မလေးရှားနိုင်ငံမှ လွမ်ပရာဘမ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အောက်တိုဘာ ၁ ရက် နေ့လယ် ၁ နာရီက တိုက်ရိုက် ပျံသန်းရောက်ရှိလာခြင်းဖြစ်သည်။

လေယာဉ် ဆိုက်ရောက်လာခဲ့ပြီးနောက် ကုန်တင်ကားကြီး၂ စီးဖြင့် ခရီးဆောင်အိတ် ၂၃ အိတ် တင်ဆောင်ကာ X-ray စက်ကိုဖြတ်၍ အသင့် စောင့်ဆိုင်းနေသော လေယာဉ်ပေါ်သို့ တင်ဆောင်ခဲ့ကြသည်။

သတင်းကြိုတင်ရထားသည့်အတွက် ခရိုင် အထူးရဲတပ်ဖွဲ့သည် လေယာဉ် မပျံသန်းမီ ခရီးဆောင်အိတ်အားလုံးကို ဝင်ရောက် စစ်ဆေးခဲ့ရာ ရွှေငါးရုပ်လိုဂိုပါ အပြာရောင် ပလတ်စတစ်အိတ် ၂၁ အိတ်အတွင်း စုစုပေါင်း အလေးချိန် ၅၂၁ ကီလိုဂရမ်ခန့် (တန်ဝက်ကျော်) ရှိသော အိုက်စ် (Ice) မူးယစ်ဆေး ၅၀၀ ထုပ်တို့အား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လေယာဉ်မောင်း၂ ဦး၊ နိုင်ငံခြားသား အမျိုးသား ၁ ဦး၊ သက်ဆိုင်ရာ ကုမ္ပဏီ ဝန်ထမ်း ၃ ဦးနှင့် လေဆိပ်ဝန်ထမ်း ၇ ဦး စုစုပေါင်း ၁၃ ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ဆက်လက် စုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။
❤22👍13😁2
October 5, 2026 1.5K 2