အာဏာပိုင်တို့ စစ်ဆေးပြီးက စီမံကိန်း ပြန်စမည်ဟု The Central ထုတ်ပြန်…

အာဏာပိုင်တို့ စစ်ဆေးပြီးက စီမံကိန်း ပြန်စမည်ဟု The Central ထုတ်ပြန်

စီးပွားရေး | ဧရာဝတီ၊ အောက်တိုဘာ ၅၊ ၂၀၂၆

ရန်ကုန်မြို့ရှိ အချက်အချာကျသည့် ကမ္ဘာအေးဘုရားလမ်းနှင့် ကန့်ဘဲ့လမ်းဒေါင့်မှ The Central ကွန်ဒိုစီမံကိန်းအား ကြိုပွိုင့်ဝယ်ထားသည့် အခန်းများ မအပ်သဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ချိတ်ပိတ်စစ်ဆေးနေရာ စစ်ဆေးမှုမျာပြီးပြတ်ပါက စီမံကိန်း ပြန်စမည်ဟု Marga Landmark Development က ယနေ့ ထုတ်ပြန်သည်။

အောက်တိုဘာ ၃ရက်က စသုံးလုံးမှ The Central အရောင်းပြခန်းကို ချိပ်ပိတ် စစ်ဆေးနေခြင်းဖြစ်ကုမ္ပဏီဘက်ကလည်း ပူးပေါင်းဆောင်ရွက်နေကြောင်း အတည်ပြုထားသည်။

Marga Landmark Development ၏ ထုတ်ပြန်ချက်တွင် စီမံကိန်းကို ရပ်ဆိုင်းမည် မဟုတ်ဘဲ အပြီးသတ်ဆောက်လုပ် ကာ ဝယ်ယူသူများထံ လွှဲပြောင်းပေးသွားမည် ဖြစ် ကြောင်း ထုတ်ပြန်ထားရာ စီမံကိန်းပြန်စမည်ဆိုပါက အခန်းများ လွှဲပြောင်းပေးနိုင်မည့် ကာလမှာ လာမည့် ၂၀၃၀ ပြည့်နှစ်ကျော်မှသာ ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/business/2026/10/05/416820.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
အာဏာပိုင်တို့ စစ်ဆေးပြီးက စီမံကိန်း ပြန်စမည်ဟု The Central ထုတ်ပြန်
ဝယ်ယူသူများ စိုးရိမ်မှုများ ရှိနေချိန်တွင် စီမံကိန်း တည်ဆောက်နေသည့် Marga Landmark Development က အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ၏ စစ်ဆေးမှုများ ပြီးပါက စီမံကိန်း ပြန်စမည်ဟု ယနေ့ ထုတ်ပြန်သည်။
👍25😁23❤7👎4
October 5, 2026 4.1K