အရှေ့အလယ်ပိုင်းအရေးနဲ့ ယူကရိန်းစစ်ပွဲ မတည်ငြိမ်မှုတွေကြားကပဲ ကုလသမ္မဂအထွေထွေညီလာခံမှာ ထရမ့်မှ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိနေ
ဧရာဝတီ၊ စက်တင်ဘာ ၂၂၊ ၂၀၂၆
မတည်ငြိမ်တဲ့ အရှေ့အလယ်ပိုင်းအရေးနဲ့ ၄ နှစ်ခွဲကျော်ကြာလာပေမဲ့ အရှိန်မသေသေးတဲ့ ယူကရိန်းစစ်ပွဲတွေကြားထဲကပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အင်္ဂါနေ့မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်ကြီးလေးတိုက်က ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဆက်တိုက်တွေ့ဆုံဖို့ ရှိနေပါတယ်။
ထရမ့်အနေနဲ့ အစောပိုင်းမှာ ကုလသမ္မဂညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို မိန့်ခွန်းပြောကြားကာ နေ့ရက်ကို စတင်ဖို့ ရှိနေပြီး အဲဒီနောက်မှာတော့ ကမ္ဘာ့ခေါင်းဆောင် အနည်းဆုံး ၁၁ ဦးနဲ့ နှစ်နိုင်ငံချင်း သို့မဟုတ် အစုအဖွဲ့အလိုက် ဆက်တိုက်တွေ့ဆုံသွားဖို့ ရှိနေပါတယ်။
#UN #Trump #ukraine
47
8
2
1
1September 22, 2026 4.8K 2