မြန်မာ- အိန္ဒိယ စစ်ရေးလေ့ကျင့်မှု စတင် ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆… — The Irrawaddy - Burmese — TG.ME

မြန်မာ- အိန္ဒိယ စစ်ရေးလေ့ကျင့်မှု စတင်

ဧရာဝတီ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆

အိန္ဒိယနိုင်ငံ အရှေ့မြောက် မေဂါလယာပြည်နယ် အမ်ရွိုင်တွင် မြန်မာစစ်တပ်နှင့် ၁၄ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု (IMBAX) ကို ယမန်နေ့တွင် စတင်ကြောင်း အိန္ဒိယစစ်တပ်က ထုတ်ပြန်သည်။

ထိုလေ့ကျင့်မှုသည် နှစ်နိုင်ငံ စစ်တပ်ကြား ပူးတွဲလေ့ကျင့်မှုများမှတဆင့် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အောက်တွင် စစ်ဆင်ရေးများဆောင်ရွက်ရာ၌ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် ဟန်ချက်ညီညီ လုပ်ဆောင်နိုင်စွမ်းတို့ မြှင့်တင်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် အိန္ဒိယတပ်မတော်မှ အသုံးပြုလျက်ရှိသော ပြည်တွင်းထုတ် လက်နက်နှင့် စစ်လက်နက်ပစ္စည်းအမျိုးမျိုးကို လေ့လာသုံးစွဲခွင့် ရရှိမည်ဖြစ်ကြောင်းဆိုထားသည်။

ယခု စစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့ကို မြှင့်တင်ရန် နှစ်နိုင်ငံစလုံး၏ ကတိကဝတ်ပြုမှုကို ထပ်လောင်း အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်ဟု အိန္ဒိယဘက်က ထုတ်ပြန်ထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎41❤6👍1😁1😭1
September 17, 2026 3.6K 2