မင်းအောင်လှိုင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်လာမလား (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆
ရွေးကောက်ပွဲအနိုင်ရ USDP ၏ ဥက္ကဋ္ဌ ဖြစ်နေသည့်တိုင် ဦးခင်ရီသည် သမ္မတရာထူးကို မင်းအောင်လှိုင်ထံ လွှဲပြောင်းပေးခဲ့ရသည်။ စစ်ဗိုလ်ချုပ်များက ထိုရလဒ်ကို ကြိုးကိုင်ဖန်တီးခဲ့ကြသဖြင့် ၎င်းကို သမ္မတရာထူးအစား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာ၌သာ အဆုံးသတ်စေခဲ့သည်။
USDP ဝန်ကြီးများသည် အစိုးရဌာနအချို့ကို ကိုင်တွယ်ထားသော်လည်း အာဏာအရှိဆုံးဖြစ်သည့် နိုင်ငံခြားရေး၊ သမ္မတရုံး၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနများကို ဦးစီးခွင့် မရကြပေ။ ဤမမျှတမှုကို မည်သူက နောက်ကွယ်မှ ကြိုးဆွဲနေသည်ကို သိရှိထားကြသဖြင့် ပါတီအနေဖြင့် ပွင့်ပွင့်လင်းလင်း ဝေဖန်ရန် မဝံ့ရဲကြပေ။
USDP တွင် ဝါရင့်ပုဂ္ဂိုလ်များ ကျန်ရှိနေသေးသော်လည်း မင်းအောင်လှိုင်၏ အာဏာချုပ်ကိုင်မှုကြောင့် သူတို့ ဒူးထောက်ထားကြရသည်။ ၎င်း၏ လွှမ်းမိုးမှုသည် ဝါစဉ်ကို မငြင်းဆန်ဘဲ သစ္စာခံများကို ထိပ်ပိုင်းရာထူးများ၌ နေရာချနိုင်စေခဲ့ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
https://youtu.be/nanYBp9vIcU
#မြန်မာ #ဧရာဝတီ #ကြံ့ခိုင်ရေးပါတီ #ဦးခင်ရီ #မင်းအောင်လှိုင် #USDP #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
မင်းအောင်လှိုင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်လာမလား (ရုပ်/သံ)
ရွေးကောက်ပွဲအနိုင်ရ USDP ၏ ဥက္ကဋ္ဌ ဖြစ်နေသည့်တိုင် ဦးခင်ရီသည် သမ္မတရာထူးကို မင်းအောင်လှိုင်ထံ လွှဲပြောင်းပေးခဲ့ရသည်။ စစ်ဗိုလ်ချုပ်များက ထိုရလဒ်ကို ကြိုးကိုင်ဖန်တီးခဲ့ကြသဖြင့် ၎င်းကို သမ္မတရာထူးအစား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာ၌သာ အဆုံးသတ်စေခဲ့သည်။
USDP ဝန်ကြီးများသည်…

15
9
5
1
1September 8, 2026 2.4K 4