တိဘက် ရေကြီးမြေပြိုသည့်နေရာ နိုင်ငံတကာမီဒီယာများကို တရုတ် ခေါ်ပြ… — The Irrawaddy - Burmese — TG.ME

တိဘက် ရေကြီးမြေပြိုသည့်နေရာ နိုင်ငံတကာမီဒီယာများကို တရုတ် ခေါ်ပြ

ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆

နီပေါနှင့် တိဘက်နယ်စပ်ဒေသ တရုတ်ရှီးဇန့်ဒေသ ဂျီရောင် (Gyirong) ရွှံ့နွံပြိုကျမှုဖြစ်စဉ်အတွင်း အဆောက်အအုံများပြို၍ ပြည်သူများ ထွက်ပြေးနေရသည့် CCTV မှတ်တမ်းများကို တရုတ်နိုင်ငံအတွင်း၌ ကြည့်ရှု မရစေရန် အင်တာနက် ဆင်ဆာစနစ် ဖြတ်တောက်ပိတ်ပင်ထား၍ ဝေဖန်မှုများထွက်လာချိန် တရုတ်အစိုးရက ရေကြီးခဲ့သည့်နေရာသို့ နိုင်ငံတကာ သတင်းထောက်များအား ဖိတ်ခေါ် ပြသခဲ့သည်။

NBC၊ CNN၊ Reuters၊ RT နှင့် Press Trust of India အပါအဝင် နိုင်ငံတကာသတင်းဌာန ၈ ခုမှ သတင်းထောက်များကို စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရေကြီးမှုဖြစ်ပွားခဲ့သည့်နေရာများသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် ၏ ပြောကြားချက်အရ ဘေးအန္တရာယ်ဖြစ်ပွားရာဒေသသို့ သွားရောက်နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးများကို၂၄ နာရီပတ်လုံး ပြုပြင်ဆောင်ရွက်ခဲ့ရာ လက်ရှိ ပြန်လည်ဖွင့်လှစ်ပေးနိုင်ပြီဖြစ်ကြောင်း ကွင်းဆင်းသွားရောက်ခဲ့သည့် နိုင်ငံတကာ သတင်းထောက်များသည် ဒေသဆိုင်ရာ အစိုးရအဖွဲ့မှ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို လေ့လာခဲ့ကြကြောင်း ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ရှာဖွေကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်နောက်ဆက်တွဲ လုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ နောက်ဆုံးရသတင်းအချက်အလက်များကိုလည်း အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။

ဩဂုတ် ၂၆ ရက်တွင် Gyirong ဒေသ ရေကြီးမြေပြိုမှု သဘာဝဘေးကြောင့် လူပေါင်း ၄၃ ဦး သေဆုံးပြီး ၅၁၉ ဦး ပျောက်ဆုံးနေဆဲဖြစ်သလို ပျောက်ဆုံးနေသူများအနက် ၂၃ နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း ၂၆၁ ဦး ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ- CFMF
😁17🤔12❤3
September 7, 2026 2.3K 1