ရေထိန်းတာဘောင်တွေပြိုကျလို့ တာချီလိတ်မှာရေကြီး (ရုပ်/သံ) ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

ရေထိန်းတာဘောင်တွေပြိုကျလို့ တာချီလိတ်မှာရေကြီး (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်း ရေရုတ်တရက် မြင့်တက်ခဲ့ပြီး မြန်မာဘက် ခြမ်းမှာရှိတဲ့ ရေထိန်းနံရံ၊ရေကာတာဘောင်တွေပြိုကျပျက်စီးခဲ့တဲ့အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ဧရာဝတီကိုပြောပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းမှာ အထက်ပိုင်းက တောင်ကျချောင်းရေတွေ စီဆင်းလာတာကြောင့် မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်ပြီး တာချီလိတ်မြို့မှာ အခုလို ရေကြီးရေလျှံမှုတွေဖြစ်လာတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ ချောင်းရေအရှိန်လျော့သွားတာကြောင့် ရေပြန်ကျသွားပေမယ့် မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ လွယ်တော်ခန်း ၊ ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဆန်ဆိုင်း၊ မယ်ခေါင် နဲ့ ရန်အောင်မြေရပ်ကွက်လမ်းတွေပေါ်မှာတော့ ရေလျှံမှုတွေဆက်ဖြစ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

မယ်ဆိုင်ချောင်း ရေလျှံမှုကြောင့် တာချီလိတ်မြို့ရေကြီးရေလျှံဖြစ်ပွားမှုဟာ ပုံမှန်လိုဖြစ်ပေမယ့် ရေထိန်းဖို့ကာထားတဲ့ နံရံတွေအခိုင်အမာမရှိတာကြောင့် တဖက်ထိုင်းနိုင်ငံထက်စာရင် ပိုပြီးတော့ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။

https://youtu.be/eYosTmJ1hcI

#မြန်မာ #ဧရာဝတီ #တာချီလိတ် #ရေကြီး #Environments #ClimateDesk #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
ရေထိန်းတာဘောင်တွေပြိုကျလို့ တာချီလိတ်မှာရေကြီး (ရုပ်/သံ)
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်း ရေရုတ်တရက် မြင့်တက်ခဲ့ပြီး မြန်မာဘက် ခြမ်းမှာရှိတဲ့ ရေထိန်းနံရံ၊ရေကာတာဘောင်တွေပြိုကျပျက်စီးခဲ့တဲ့အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ဧရာဝတီကိုပြောပါတယ်။ စက်တင်ဘာလ…
😱18❤3👍3😭1
September 7, 2026 2.3K 2