ပလက်ဝတွင် ရခိုင်ဘာသာဖြင့် စာသင်ကြားမှု ခူမီးအဖွဲ့ကန့်ကွက် ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

ပလက်ဝတွင် ရခိုင်ဘာသာဖြင့် စာသင်ကြားမှု ခူမီးအဖွဲ့ကန့်ကွက်

ဧရာဝတီ၊ စက်တင်ဘာ ၆၊ ၂၀၂၆

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် (AA) က ၁၂ တန်း (G-12) မြန်မာစာအား ရခိုင်ဘာသာသင်ရိုးသစ်ဖြင့် သင်ကြားပေးနေမှုသည် ဒေသခံချင်းတိုင်းရင်းသားများအပေါ် မထီမဲ့မြင်ပြုရာရောက်ပြီး စိတ်ဝမ်းကွဲမှု ဖြစ်စေသည့်အတွက် ကန့်ကွက်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) က ယနေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ဒေသခံ ပြည်သူအများစု၏ သဘောဆန္ဒ မပါဘဲ လူနည်းစု၏ ဘာသာ စကားဖြင့် မိမိတို့အလိုကျ အတင်းအဓမ္မ လုပ်ဆောင်ခြင်းသည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေး ကြေညာ စာတမ်း (UNDRIP) ကို ချိုးဖောက်ရာ ရောက်နေကြောင်းလည်း GKO က ဆိုသည်။

ပလက်ဝမြို့နယ်တွင် ခူမီး၊ ရခိုင်၊ ဒိုင်၊ လေးတူ၊ မတူ၊ မရာ၊ မြို၊ အနူး၊ ခေါင်စို၊ မီဇို၊ ပနန်း၊ ဗမာ၊ ဒိုင်းနက်၊ ဟိန္နူ စသည့်လူမျိုးပေါင်းစုံ ဦးရေ ၁ သိန်းခန့်ရှိသည့်အနက် ခူမီးမှာ အများဆုံးနေထိုင်ကြကြောင်း သိရသည်။

AA ၏ အာရက္ခ အမျိုးသားပညာရေးဌာနအနေဖြင့် ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှ စတင်ကာ ၎င်းတို့ ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်အတွင်းမှ ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ၁၂ တန်း (ဒွါဒသမတန်း) မြန်မာစာကို ရခိုင်ဘာသာ သင်ရိုးသစ်ဖြင့် အစားထိုးသင်ကြားရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ်မှစတင်သည့် AA ထိုးစစ်များအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ အမ်း၊ ဂွ၊ သံတွဲနှင့် ရမ်းဗြဲမြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပညာရေးတို့ အပါအဝင် အစိုးရယန္တရားများလည်ပတ်လျက် ရှိသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍21😁3👎1😱1
September 6, 2026 2.7K 3