၈၈ ကျောင်းသားခေါင်းဆောင် ဦးမောင်မောင်ကျော် ဈာပန
ဧရာဝတီ၊ စက်တင်ဘာ ၆၊ ၂၀၂၆
ရှစ်လေးလုံး အရေးတော်ပုံ၌ ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် ဦးမောင်မောင်ကျော် (ခ) ဦးကျော်စွာထွဋ် (၅၉ နှစ်) ၏ ဈာပနကို စက်တင်ဘာ ၅ ရက်တွင် အမေရိကန်ပြည်ထောင်စု အင်ဒီယာနာပိုလစ်ပြည်နယ် Noblesville မြို့၌ ပြုလုပ်ခဲ့သည်။
ဦးမောင်မောင်ကျော်သည် ဩဂုတ်လ ၂၃ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်၌ အသက် ၅၉ နှစ်ရှိပြီ ဖြစ်သည်။ ဈာပနအခမ်းအနားသို့ ဗမာပြည်ပြည်သူ့လွတ်မြောက်ရေး လူငယ်တပ်ဦး (Burma Youth Liberation Front -BYLF) အဖွဲ့ဝင်များ၊ မိတ်ဆွေများတက်ရောက်၍ အမှတ်တရစကားများပြောဆိုခြင်း လွမ်းသူ့ပန်းခွေပေးပို့ခြင်းအပြင် ပြည်သူ့ဂုဏ်ရည်အသင်း၊ လုပ်သားများကောလိပ်၊ ရန်ကုန်တက္ကသိုလ်ကျောင်း သားသပိတ် “တိုက်ပွဲဝင်အင်းစိန်အုပ်စု” တို့ကလည်း လွမ်းသူ့ပန်းခွေများ ပေးပို့ခဲ့ကြသည်။
လက်ဝဲနိုင်ငံရေးသမား စာရေးဆရာ ဒါရိုက်တာ မောင်မောင်နေဝင်း (ဂန္တဝင်မောင်ဝိုင်း) နှင့် အမိ ဒေါ်လှမြင့် (ခ) တက္ကသိုလ် မကျည်းတန် တို့၏သားဖြစ်ပြီး၊ မွေးချင်း ၈ ဦးအနက် အကြီးဆုံးသားလည်း ဖြစ်သည်။ သရုပ်ဆောင် ဗေလု၀ (မောင်မောင် မြင့်အောင်) ၏တူဖြစ်သဖြင့် စာပေနှင့် နိုင်ငံရေးအသိုင်းအဝိုင်းတွင် ကြီးပြင်းရသည့် တောင်ဥက္ကလာသားတဦး ဖြစ်သည်။
ဦးမောင်မောင်ကျော်အနေဖြင့်လည်း ၁၉၈၈ မတ်လကျောင်းသားလှုပ်ရှားမှုမှသည် သြဂုတ် ၈ ရက် ရှစ်လေးလုံး အရေးတော်ပုံတိုင် အဓိကလှုပ်ရှားမှုကြီး ၃ ခုအနက် ဇွန်လကျောင်းသားလှုပ်ရှားမှု၏ အဓိကခေါင်း ဆောင်ဟု ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူများက လက်ခံထားကြသူလည်းဖြစ်သည်။
ဇွန်ကျောင်းသားများ လှုပ်ရှားမှုများမှစ၍ တပါတီအာဏာရှင်စနစ်ပြုတ်ကျရေး ပိုမိုအားကောင်းလာရာ ရွှေတိဂုံရင်ပြင် ဆန္ဒပြပွဲများ ရှစ်လေးလုံး လူထုအုံကြွမှုကြီးအထိ ဖြစ်ပေါ်သည်။
သူသည် လူထုအုံကြွမှုနှင့် လက်နက်ကိုင်တော်လှန်ရေး ပေါင်းစပ်သည့် လမ်းကြောင်းကိုချမှတ်ကာ BYLF ကျောင်းသား ၅ ဦးဖြင့် စတင်ဖွဲ့စည်းပြီး ထိုင်း- မြန်မာနယ်စပ်ရှိ အတိုက်အခံ နိုင်ငံရေးအင်အားစုများဖြင့် ဆက်သွယ်ရန် အစောဆုံး ထွက်ခွာခဲ့သူဖြစ်သည်။
နောက်ပိုင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရာ စစ်အစိုးရ၏ ဖမ်းဆီးခြင်းကိုခံရပြီးနောက် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး လွတ်မြောက်လာသည့်အခါ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ- Khin Maung Lay, Wunna Tun
20
15
12September 6, 2026 3.7K 3