စစ်မြေပြင်မှာ စစ်မှုထမ်းတွေကို အဓိက အသုံးချနေတဲ့ သက်သေ (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆
အာဏာသိမ်းစစ်တပ်က အဓမ္မစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို ရှေ့တန်းစစ်မျက်နှာတွေအတွက် အဓိက အသုံးချနေတာကို အမှတ် (၄၂၁) ခြေမြန်တပ်ရင်းရဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲနဲ့ စစ်ထွက် မှတ်တမ်းအရ မြင်တွေ့ရပါတယ်။
ဒီစာရင်းအရ စစ်ထွက်အင်အား ၁၅၂ ယောက်မှာ အရာရှိ ၃ ဦး၊ ဒုအရာခံဗိုလ် တဦး၊ တပ်ကြပ်ကြီးနဲ့အရာရှိငယ် ၉ ဦး၊ အမြဲတမ်းတပ်သား ၂၂ ဦးပဲ ပါပြီး ကျန်တဲ့ အင်အား ၁၀၀ ကျော်ကို ပြည်သူ့စစ်မှုထမ်းတွေနဲ့ ရှေ့တန်းထွက်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းတွေကို စတင်ခေါ်ယူချိန်ထဲက ကာလတို သင်တန်းတွေပေးပြီး ရှေ့တန်းကိုလွှတ်ခဲ့တယ်ဆိုတာကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေရဲ့ ပြောကြားချက် ရုပ်သံမှတ်တမ်းတွေလည်း ရှိနေပြီး ဒါကတော့ စစ်တပ်ရဲ့ညွှန်ကြားချက် သက်သေအဖြစ် ခိုင်မာစေတာလည်း ဖြစ်ပါတယ်။
https://youtu.be/1vRRfg_neto
#မြန်မာ #ဧရာဝတီ #ပြည်သူ့စစ်မှုထမ်း #စစ်ထွက်မှတ်တမ်း #CDM #ရှေ့တန်း #စစ်မြေပြင် #WhatsHappeningInMyanmar
YouTube
စစ်မြေပြင်မှာ စစ်မှုထမ်းတွေကို အဓိက အသုံးချနေတဲ့ သက်သေ (ရုပ်/သံ)
အာဏာသိမ်းစစ်တပ်က အဓမ္မစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို ရှေ့တန်းစစ်မျက်နှာတွေအတွက် အဓိက အသုံးချနေတာကို အမှတ် (၄၂၁) ခြေမြန်တပ်ရင်းရဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲနဲ့ စစ်ထွက် မှတ်တမ်းအရ မြင်တွေ့ရပါတယ်။
ဒီစာရင်းအရ စစ်ထွက်အင်အား ၁၅၂ ယောက်မှာ အရာရှိ…

32
3
3
1September 2, 2026 2.7K 3