တနင်္သာရီကို ဖျက်ဆီးပစ်နေတဲ့ သတ္တုမိုင်းများ (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆
တချိန်က သဘာဝတောတောင်တွေနဲ့ စိမ်းစိုနေတဲ့ အမျိုးသားသစ်တောကြိုးဝိုင်းတွေ၊ ရှားပါးသားရိုင်းတိရိစ္ဆာန်တွေနဲ့ ဖုံးလွှမ်းနေတဲ့ တနင်္သာရီတိုင်းဟာ အခုအခါမှာတော့ တရားမဝင် သတ္တုမိုင်းတွေ ပွထပြီး အလှပျက်လို့ နေပါပြီ။ သဘာဝပတ်ဝန်းကျင်သာမက ဒေသခံတွေရဲ့ လူမှုဘဝတွေလည်း ပျက်စီးလာနေပါပြီ။
ဒီလုပ်ငန်းတွေ ဘာကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာလဲ၊ ဘယ်သူတွေ ဒီလုပ်ငန်းကနေ အမြတ်ထွက်နေလဲ။ ဒီအကြောင်းကို စုံစမ်းရေးသားထုတ်ဖော်ထားတဲ့ Dawei Watch သတင်းဌာနဟာ အာရှသတင်းစာထုတ်ဝေသူများအသင်းရဲ့ ၂၀၂၆ ခုနှစ် ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါတယ်။
တနင်္သာရီတိုင်းအတွင်း ဆိုးဆိုးဝါးဝါး ပျံ့နှံ့နေတဲ့ တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းတွေအကြောင်း Dawei Watch သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးကျော်ဆန်းမင်းနဲ့ ဧရာဝတီ အမှုဆောင်အယ်ဒီတာ ကိုရဲနည်တို့ တွေ့ဆုံမေးမြန်းထားပါတယ်။
https://youtu.be/qPLIzFX6Tfk

23
5
3September 2, 2026 2.8K 5