မော်ချီးကို စစ်တပ် ဗုံးကြဲ၊ ကလေးများ သေဆုံး ဧရာဝတီ ၊ စက်တင်ဘာ ၁၊ ၂၀၂၆… — The Irrawaddy - Burmese — TG.ME

မော်ချီးကို စစ်တပ် ဗုံးကြဲ၊ ကလေးများ သေဆုံး

ဧရာဝတီ ၊ စက်တင်ဘာ ၁၊ ၂၀၂၆

ကရင်နီပြည်(ကယားပြည်နယ်) မော်ချီးမြို့ ကျောက်ကြားရပ်ကွက်ကို ယနေ့ ညနေ ၄ နာရီခန့်တွင် စစ်တပ် ဗုံးကြဲသဖြင့်ကလေးများသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း ဒေသခံများက ပြောသည်။

ကနဦးရရှိထားသော စာရင်းအရ ကလေးနှင့် လူငယ် ၆ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိထားသည်ဟု ဆိုသည်။

ဗုံးကြဲခံရသည့်နေရာသည် ခဲတူးဖော်ရေးလုပ်ကွက်အနီး လူနေရပ်ကွက်ဖြစ်ပြီး ဗုံး ၃လုံးကြဲချတိုက်ခိုက်သွားခြင်းဖြစ်သည်။

"အိမ်တွေတော့ တစစီ ပျက်ကုန်တယ်။ကလေးတွေသနားတယ်”ဟု ဒေသခံတဦးက ပြောသည်။

ဗုံးကြဲပြီးနောက် လေယာဉ်ထပ်ဝဲနေ၍ ဒေသခံများမှာ အပြင်မထွက်ရဲသေးဘဲ လေယာဉ်သံမကြားရချိန်မှသာ ဗုံးခိုကျင်းထဲမှ ထွက်လာခဲ့ရကြောင်း ဆိုသည်။

အာဏာသိမ်း စစ်တပ်သည် ၂၀၂၅ခုနှစ် ဩဂုတ်လ ၁၇ ရက်ကလည်း မော်ချီး၌ လူ ၃၅ ဦးထိ အစုလိုက် အပြုံလိုက်သေဆုံးစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

သတင်း-CJ
ဓာတ်ပုံ-CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭24👎9😁4❤3😱1
September 1, 2026 2.7K 6