ရုရှားအကူအညီဖြင့် ရဟတ်ယာဉ်တည်ဆောက်ရေး အာဏာသိမ်းအစိုးရ ဆွေးနွေး
ဧရာဝတီ၊ စက်တင်ဘာ ၁၊ ၂၀၂၆
၁၁ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF) တက်ရန် ဗလာဒီဗော့စတော့မြို့ကို ရောက်နေသည့် အာဏာသိမ်း အစိုးရ ဒုသမ္မတ (၁) ဦးညိုစောနှင့် ရုရှားဒုသမ္မတ ယူရီထရူနက်ဗ်တို့ ယနေ့သီးခြား တွေ့ဆုံကာ ရဟတ်ယာဉ် တည်ဆောက်ရေး၊ ရထားနည်းပညာ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်း၊ ပညာရေး ကျန်းမာရေးကဏ္ဍနှင့် ဗလာဒီဗော့ စတော့မြို့၌ မြန်မာကောင်စစ်ဝန်ရုံးဖွင့်ရေး ဆွေးနွေးခဲ့ကြောင်း ရုရှားအစိုးရက ထုတ်ပြန်သည်။
ရုရှားနိုင်ငံအပေါ် အထူးစိတ်ပါဝင်စားပြီး ရုရှားဖက်ဒရေးရှင်း၏ မူဝါဒများကို ထောက်ခံပေးသည့်အတွက် စစ်တပ် ခေါင်းဆောင်ပိုင်းအား ကျေးဇူးတင်ရှိကြောင်းလည်း ပါရှိသည်။
အာဏာသိမ်းစစ်တပ်သည် ရုရှားလုပ် Mi 35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်များအပြင် Mi 17 ကဲ့သို့ လက်နက် တပ်ဆင်ကာ သုံးနိုင်သည့် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ၊ Mi 38 ကဲ့သို့ ဘက်စုံသုံးရဟတ်ယာဉ်များကို လက်ရှိ ဝယ်ယူအသုံးပြုနေပြီး ၂၀၂၁ မှစ၍ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် စုစုပေါင်း ၁၀စီးထက်မနည်း တော်လှန်ရေးတပ်များ၏ ပစ်ချခြင်း ခံထားရသည်။
ဓာတ်ပုံ-Russian Foreign Ministry
#WhatsHappeningInMyanmar
#RejectMilitaryCoup
17
17
12
1
1September 1, 2026 2.7K 4