ကျွဲ၊နွားတွေနဲ့ပါ ကုန်သယ်နေကြရပြီ (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၁၊ ၂၀၂၆
ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ ကားလမ်းတွေကနေ ကုန်တင်ကားတွေနဲ့ အချိန်တိုအတွင်း အလွယ်တကူ သယ်ယူပို့ဆောင်ကြတဲ့အခြေအနေဟာ အခုအခါမှာတော့ စက်မှုမဖွံ့ဖြိုးခင် နွားလှည်းတွေ၊ မြင်းလှည်းတွေနဲ့ ကုန်စည် သယ်ဆောင်ခဲ့ကြတဲ့ ဟိုးအရင် ခေတ်ကို ပြန်ရောက်သွားခဲ့ပါပြီ။
မြစ်ကြီးနားကို ကုန်သည်ပို့ဆောာင်ရာမှာ အရင်က မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းကို အသုံးပြုခဲ့ပေမယ့် အခုချိန်မှာ အဲ့ဒီလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အသုံးပြုလို့မရတဲ့အတွက် မန္တလေးနဲ့ မြစ်ကြီးနား ပြေးဆွဲနေတဲ့ ကုန်တင်ကားနဲ့ ခရီးသည်တင်တွေဟာ အင်းတော်မြို့ကို ရှောင်ကွင်းပြီး ရွာချင်းဆက်လမ်းတွေကနေ သွားလာ နေရတယ်လို့ ကုန်ကားမောင်းသူတဦးက ပြောပါတယ်။
အစားထိုးအသုံးပြုနေရတဲ့ အင်းတော်ကွင်းလမ်းဟာ မြေသားလမ်းဖြစ်တာကြောင့် မိုးဆက်တိုက်ရွာသွန်းချိန်မှာ ကားတွေ ဗွက်နစ်တာ၊ လမ်းချော်တာနဲ့ အတက်အဆင်းကားတွေနဲ့ ပိတ်မိတာတွေကြောင့် သွားလာဖို့ ခက်ခဲနေပြီး ကျွဲ၊နွားတွေနဲ့ ကုန်သယ်နေကြရပါတယ်။
https://youtu.be/ObiUsJtR9E8

17
5
3
2September 1, 2026 2K 8