စစ်ပွဲ၊ ဖိနှိပ်မှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှု၊… — The Irrawaddy - Burmese — TG.ME

စစ်ပွဲ၊ ဖိနှိပ်မှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှု၊ စီးပွားရေးကျပ်တည်းမှုနှင့် ကြီးမားလှသော ကိုယ်ရေးကိုယ်တာ စွန့်လွှတ်ပေးဆပ်မှုများ ငါးနှစ်ကျော်ကြာလာပြီးနောက် မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးတွင် ပါဝင်သူများ ပင်ပန်းနွမ်းနယ်နေကြသည်မှာ အံ့ဩစရာ မဟုတ်ပါ။

သို့သော် ပင်ပန်းနွမ်းနယ်ခြင်းနှင့် လက်လျှော့အရှုံးပေးခြင်းတို့သည် မတူပါ။ စင်စစ်အားဖြင့် ကျနော်တို့၏ မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းက လုံးဝခြားနားသည့် အရာတခုကို ညွှန်ပြနေသည်။

ဇူလိုင်လ ၂၈ ရက်မှ ဩဂုတ်လ ၈ ရက်အတွင်း Educational Initiatives အဖွဲ့သည် နွေဦးတော်လှန်ရေးတွင် အတွေ့အကြုံရှိသည့် အလယ်အလတ်အဆင့် ပါဝင်သူ ၂၂၀ ဦးကို စစ်တမ်းကောက်ယူခဲ့သည်။ သူတို့သည် ထိပ်ပိုင်းနိုင်ငံရေးခေါင်းဆောင်များ မဟုတ်ကြသလို ပွဲကြည့်ပရိသတ်အဆင့် ထောက်ခံသူများလည်း မဟုတ်ကြပါ။ သူတို့သည် နိုင်ငံရေးလုပ်ငန်း၊ လက်နက်ကိုင်ခုခံမှု၊ ဒေသန္တရအုပ်ချုပ်ရေး၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ ပညာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်း၊ ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်ရေး၊ မီဒီယာနှင့် သတင်းအချက်အလက်၊ သုတေသနနှင့် နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းများတွင် အရေးပါသော တာဝန်များကို ထမ်းဆောင်နေကြသူများ ဖြစ်သည်။

သူတို့သည် မြန်မာ့လူအဖွဲ့အစည်းတခုလုံးကို ကိုယ်စားပြုမဟုတ်သော်လည်း တော်လှန်ရေးစတင်ချိန်မှစ၍ တက်ကြွစွာ ပါဝင်ခဲ့ပြီး တော်လှန်ရေး၏ နေ့စဉ်လုပ်ငန်းအများစုကို ဆက်လက်ထမ်းဆောင်နေသူများ ဖြစ်ကြသည်။ ထိုနမူနာအုပ်စုသည် ပြည်ပရောက်ရှိနေသူများ မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်ဒေသများတွင် အခြေစိုက်သူများ ဖြစ်သည်။

ရလဒ်များက ကျနော်တို့ကိုပင် အံ့အားသင့်စေခဲ့သည်။

Website မှာ ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/08/29/415874.html
ဧရာဝတီ
လှေခွက်ချည်းကျန် အလံမလှဲမယ့် နွေဦးတော်လှန်ရေး အပိုင်း ၁
ပင်ပန်းနွမ်းနယ်ခြင်းနှင့် လက်လျှော့အရှုံးပေးခြင်းတို့သည် မတူပါ။
👍43❤14😁1
August 29, 2026 3.5K 4