ဖားကန့်စစ်ရှောင်စခန်းတွင်လက်နက်ကြီးကျ၊ ကလေးတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ
ဖားကန့် - ဧပြီ၂၄၊ ၂၀၂၆။
ဖားကန့်မြို့နယ်၊နမ္မဖြစ်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် ယမန်နေ့ည ၁၀ နာရီခွဲချိန်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့်ကလေးတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ န
မ္မဖြစ်RCM စစ်ရှောင်စခန်းတွင် စစ်ကော်မရှင်ပူးပေါင်းတပ်ပစ်ခတ်သည့် လက်နက်ကြီးသည် စာကျက်နေသည့်ကလေးအနီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် မိသားစုသုံးဦး ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့သည်ဟုနီးစပ်သူအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။ “စစ
်ရှောင်စခန်းမှာနေတဲ့သားအမိသုံးယောက်လုံးထိသွားတာ အကြီးဆုံးကပွဲချင်းပြီးသေသွားတယ် အငယ်ကောင်နဲ့ အမေဖြစ်သူကလည်းထိခိုက်မှုများတယ်။အကြီးကောင်က စာကျက်နေတာဆိုတော့ ခဲတံကိုင်ပြီးမှကိုဆုံးသွားတာ ကျွန်တော်တို့အကုန်လုံးတစ်စက်မှအခဲမကျေပါဘူးအရမ်းလိမ်မာတဲ့ ကလေးလေးပါ” ဟုပြောသည်။ အသက်
(၁၃) နှစ်အရွယ်ရှိမောင်ဆွတ်ဂျတ်အောင်ဆိုသူသေဆုံးခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူနှင့် ညီဖြစ်သူမှာ ခြေထောက်တွင်လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိထားသဖြင့် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ ကျရောက
်ပေါက်ကွဲခဲ့သည့်လက်နက်ကြီးမှာ ခြောက်ဆယ်ပြောင်းတိုအမျိုးအစားဖြစ်ပြီး စစ်ကော်မရှင်တပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကအသုံးများကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “စကစဘက်
ကပစ်တာလို့တော့ကြားပေမဲ့အဲ့လက်နက်အမျိုးအစားက ပြည်သူ့စစ်တွေပဲသုံးတဲ့ဟာမျိုးဟုတ်တယ်။ သေနတ်ကြီးလည်းမဟုတ်တဲ့ဟာမျိုးဟိုတလောက အောင်သာယာဘက်တွေကို ပစ်ထည့်တာတွေလည်း ဒါမျိုးပဲဟုတ်တယ်။ အမျိုးအစားနာမည်ကတော့၄၀ ထက်လည်းကြီးတယ်ဆိုတော့ ၆၀ အမျိုးအစားထဲကပြောင်းတိုလို့ပဲပြောရမှာ” ဟု ပြောသည်။ စစ်ကော်မရ
ှင်ပူးပေါင်းတပ်သည်ဖားကန့်တပ်မကုန်းမှ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုပိုမိုပြုလုပ်လာနေသည်ဟု ဒေသခံများက ပြောသည်။ လက်ရှိအချိ
န်တွင်ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA)ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်ပူးပေါင်းတပ်တို့ကြားစစ်ရေးတင်းမာမှုများရှိနေပြီး တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း သိရသည်။ စစ်ကော်မရှင
်ပူးပေါင်းတပ်သည်တပ်မကုန်းမှ လက်နက်ကြီး မကြာခဏရမ်းသမ်းပစ်ခက်လေ့ရှိပြီး ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့ကလည်းတပ်မကုန်းမှပစ်ခတ်သည့် လက်နက်ကြီး မှော်စီစာကျေးရွာရှိ လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သောကြောင့်အမျိုးသားနှစ်ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ သတင်း -Zami,
Dureng ပုံ - ၂၀၂၆၊ဧပြ
ီ ၂၃ ရက်နေ့ည နမ္မဖြစ် စစ်ရှောင်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့သည်များကိုတွေ့ရစဉ်















