ဘင်္ဂလားပင်လယ်အော်အတွင်း Ocean Winner သင်္ဘောနစ်မြုပ်၊ မြန်မာသင်္ဘောသား ၃ ဦးအပါအဝင် ၂၂ ဦး ပျောက်ဆုံးနေ
23 Aug 2026 By The New Indian Express
အိန္ဒိယရေတပ်နှင့် အိန္ဒိယကမ်းခြေစောင့်တပ်တို့သည် ပနားမားအလံတင် Ocean Winner ကုန်တင်သင်္ဘောပေါ်မှ ပျောက်ဆုံးနေသည့် သင်္ဘောသားများကို ရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း၊ အဆိုပါသင်္ဘောသည် အိန္ဒိယနိုင်ငံ Paradip ဆိပ်ကမ်းမှ ထွက်ခွာပြီး နှစ်ရက်နီးပါးအကြာတွင် ခြေရာခံစနစ်မှ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
သင်္ဘောပေါ်ပါ သင်္ဘောသား ၂ ဦးကို အသက်ကယ်ဖောင်များပေါ်မှ ကယ်တင်နိုင်ခဲ့ပြီးနောက် အိန္ဒိယရေတပ်သည် ကျန်ရှိနေသည့် သင်္ဘောသား ၂၂ ဦးကို ရှာဖွေရန် အိန္ဒိယကမ်းခြေစောင့်တပ်နှင့် အနီးကပ်ပူးပေါင်းကာ Search and Rescue (SAR) ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/12325/















