သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ခွေးဒု-ဘိုမူးချီး စိုးမင်းသူကို လက်ရဖမ်းဆီးရရှိ၊ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိ
သပိတ်ကျင်း၊ ၂၀၂၄ ဩဂုတ် ၂၆
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒု-ဘိုမူးချီး စိုးမင်းသူကို လက်ရဖမ်းဆီးရရှိကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။
၂၀၂၄ ဩဂုတ်လ ၂၅ ရက်နေ့တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ရှိ သနတ-၁၊ စခတ-၂၊ တတက-၁၃၊ ရဲခွေး၊ ပျူခွေး ပူးပေါင်းအင်အား ၁၃၀ ခန့်ကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
သပိတ်ကျင်းမြို့ကို ၂၀၂၄ ဩဂုတ်လ ၁၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ဩဂုတ်လ ၁၉ ရက်နေ့တွင် မြို့အား တိုက်ခိုက် သိမ်းပိုက်နိုင်သော်လည်း စစ်ခွေးများ မြို့ဦးတောင်စေတီသို့ ဆုတ်ခွာသွားသဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ စစ်ခွေးတပ်ဘက်မှ ဒု-ဘိုမူးချီး စိုးမင်းသူကို ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ၆၈ လက်၊ ကျည်မျိုးစုံ ၁၈၆၆၉ တောင့်၊ ဗုံးသီးမျိုးစုံ ၄၂ လုံး၊ RPG ဒုံးသီး ၃၆ လုံး၊ Jammer ၃ လုံး၊ ဆက်သွယ်ရေးစက် ၁ ခုနှင့် အခြားလူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း၊ တော်လှန်ရေးရဲဘော် ရဲဘော် ၄ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။
https://t.me/AATruthNews/11536
https://t.me/AATruthNews/11535?single
Forwarded fromA Truth News သတင်းမှန်
7
1
1August 26, 2024 11K 4