တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၂၆)ရက် ၁။… — စဉ့်ကူး/သပိတ်ကျင်း စစ်သတင်း — TG.ME

တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၂၆)ရက် ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် သပိတ်ကျင်းမြို့နယ် ၊ ကွင်း(၅၀၀)တွင် အခြေပြုလှုပ်ရှားလျက်ရှိသော စစ်ကောင်စီတပ်စခန်းကို ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၂၅)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိရခဲ့သည်။ ၂။ ကွင်း(၅၀၀)တပ်စခန်းရှိ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးသော စစ်ကောင်စီ အင်အား(၄၀၀)ခန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၅)ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း(၂၀)ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။ ၃။ ကွင်း(၅၀၀)တပ်စခန်းမှ ရန်သူ့လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့သည်။ ၄။ ကွင်း(၅၀၀)တပ်စခန်းတိုက်ပွဲများတွင် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း ပေးဆပ်မှုအချို့ ရှိခဲ့သည်။ ၅။ ယခုအခါ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်စခန်းများ အပါအဝင် စခန်းငယ်များအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ စစ်ဦးစီးအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) #MDY_PDF #1027_Part2 #Thabeikkyin

August 28, 2024 7.9K 1 1