📚 သင်ခန်းစာရဲ့ "ရည်ရွယ်ချက် (Aims)" ကို ဘယ်လိုသတ်မှတ်မလဲ? 🎯
English သင်ကြားနေတဲ့ ဆရာ/ဆရာမများအတွက် မရှိမဖြစ် သိထားသင့်တဲ့ concept လေးတစ်ခုကို မျှဝေပေးပါရစေ ✨
သင်ခန်းစာကောင်းတစ်ခုမှာ Aims (ရည်ရွယ်ချက်) ၄ မျိုး ပါဝင်ပါတယ်👇
1️⃣ Main Aim — သင်ခန်းစာရဲ့ အဓိကရည်ရွယ်ချက် 👉 ဥပမာ - ယဉ်ကျေးစွာ တောင်းဆိုနည်းကို လေ့ကျင့်ပေးခြင်း
2️⃣ Subsidiary Aims — Main aim ကို ရောက်ရှိဖို့ လိုအပ်တဲ့ Grammar/Vocab/Skill 👉 ဥပမာ - Modal verbs (Could/Would you...?)
3️⃣ Stage Aims — သင်ခန်းစာရဲ့ အပိုင်းငယ်တစ်ခုစီရဲ့ ရည်ရွယ်ချက် 👉 ဥပမာ - Topic ကို introduce လုပ်ခြင်း၊ Model ပြသခြင်း
4️⃣ Personal Aims — ဆရာ/ဆရာမကိုယ်တိုင် တိုးတက်ချင်တဲ့ အချက် 👉 ဥပမာ - Whiteboard ကို ပိုစနစ်တကျ အသုံးပြုခြင်း
💡 "Aims" ဆိုတာ "Procedures" နဲ့ မတူပါဘူး။ 🔸 Aims = သင်ယူသူ ဘာသင်ယူမလဲ 🔸 Procedures = ဆရာနဲ့ သင်ယူသူ ဘာလုပ်မလဲ
Main aim တွေဟာ "Past Simple သင်ပေးရန်" လို general မဖြစ်စေဘဲ "ကိုယ်ရေးအတွေ့အကြုံ ပြောဆိုရာမှာ Past Simple ကို မိတ်ဆက်ပြီး လေ့ကျင့်ရန်" လို specific ဖြစ်သင့်ပါတယ် 📌
👨🏫 သင်ခန်းစာကောင်းစွာ Plan လုပ်ချင်ရင် "Aims" ကနေ စတင်ကြည့်ပါ!
TKT module 2 unit 19
#TeacherTips #ELT #LessonPlanning #SpeakEZ@speak_ez_main












