ခွင့်မလွှတ်နိုင်တဲ့လူဆိုတာ ငါ့ဆီမှာမရှိဘူး
အပြုအမူလုပ်ရပ်တွေကြောင့်စိတ်နာတာ စိတ်
ပျက်တာမျိုး ရှိခဲ့ရင်တောင် ငါကခွင့်လွှတ်ပေး
နိုင်တယ် ။
ဒါပေမယ့် ဆက်ဆံရေးတွေက အရင်လိုမျိုး
ပြန်ဖြစ်လာမှာတော့မဟုတ်ဘူး ထပ်မပတ်သက်
ချင်တော့တာကလွဲရင် ငါ့ဆီမှာ အဲ့လူနဲ့ပတ်သက်
ပြီး ဘာစိတ်ခံစားချက် အမှုန်အမွှားမှ ရှိတော့မှာ
မဟုတ်ဘူး ။
စိတ်ပျက်လွန်းလို့ မပတ်သက်ချင်တော့တာ
ထက် "ငါ့အပေါ် ဒီလိုထပ်လုပ်ဦးမှာပဲ" ဆိုတဲ့စိတ်
နဲ့ ကြောက်သွားလို့ ကိုယ့်ကိုယ်ကို အထိခိုက်နည်း
အောင် အဝေးကရှောင်ချင်ရုံပါပဲ ၊ တကယ်ကို
ဒီလောက်ပါပဲ ။
9
1May 15, 2026 635 3