အဖေနဲ့အမေကို သိပ်ကျေးဇူးတင်မိတယ် ၂၃ နှစ်အရွယ်ထိ ဘာတစ်ခုမှ ဖိအာ:မပေးခဲ့ဖူးဘူး ဘယ်အလုပ်ကိုလုပ်ရမယ်၊ ဘယ်မှာပဲ နေရမယ်ဆိုပြီး သူတို့သ'တ်မှတ်ထားတဲ့ ဘောင်တွေထဲ မရှင်သန်စေဘူး။ ကိုယ်ဝါသနာပါရာနဲ့ ကိုယ့်ယုံကြည်ရာကိုပဲ အမြဲ supporting ပေးတယ် အဲ့ဒီရဲ့ အင်အားကလေ ဘယ်နေရာကမဆို ကိုယ့်အတွက် အဆင်မပြေရင် လှည့်ပြန်နိုင်တာပဲ ကိုယ်က ကြိုးစာ:ရင်း တစ်ခုမှ မအောင်မြင်ခဲ့ရင်တောင် ကြိုဆိုနေမဲ့ ရင်ခွင်နွေးတွေဆိုတာ 6သချာနေပြီးသား ကိုယ့်အတွက်ဆို နောက်ထပ် ပိုကောင်းတဲ့ နေရာတစ်ခု ဒါမဟုတ် နည်းလမ်း ရှိတယ်လို့ အမြဲအားပေးတာ။ အရှုံ:တွေကိုလည်း လက်ခံလာနိုင်ဖို့ဆိုရင် ကိုယ်ဟာ အမြဲတစ်ခုခုကိုတော့ လုပ်နေရမယ်တဲ့ အဲ့တစ်ခုခုက ကိုယ့်စိတ်အားထက်သန်နေတဲ့အရာတွေပေါ့ ဒီလိုလူတွေအတွက်လေ ကိုယ်ဟာလည်း ဂုဏ်ယူရတဲ့လူ သိပ်ဖြစ်ချင်တာပဲ နှစ်တစ်နှစ်ကုန်ခါနီးတိုင်း ကိုယ်လုပ်ခဲ့တဲ့အရာတွေကို ပြန်ကြည့်မိတဲ့အခါ အဖေနဲ့အမေကြောင့်သာ ကိုယ့်စိတ်ကအလိုရှိရာတွေကို လုပ်ခွင့်ရခဲ့တယ်ဆိုတာ အထင်ရှားဆုံးဖြစ်နေတာမျိုး ဘ၀က ကြွယ်၀မနေပေမဲ့ ပုန်းနေစရာနောက်ကျောဟာ ရှိနေခဲ့လို့ ရှေ့ကို ထွက်ပြီးတော့ ရင်ဆိုင်စရာတော့ မလိုခဲ့ဘူး။ ဒီမေတ္တာတွေနဲ့တင် ကိုယ်ဟာ ဒီရပ်၀န်းမှာ ပြီးပြည့်စုံနေသူပေါ့ကွယ် -Thuz
အဖေနဲ့အမေကို သိပ်ကျေးဇူးတင်မိတယ် ၂၃ နှစ်အရွယ်ထိ ဘာတစ်ခုမှ… — 𝗦𝗼𝗺𝗲 𝗟𝗲𝘁𝘁𝗲𝗿 𝗙𝗼𝗿 𝗬𝗼𝘂 — TG.ME
June 8, 2026 616 1