အသက်လေးရလာပြီး ရည်းစားမထားတာကြာလာတဲ့အခါ အချစ်အပေါ် ထားတဲ့အမြင်တွေက… — 𝗦𝗼𝗺𝗲 𝗟𝗲𝘁𝘁𝗲𝗿 𝗙𝗼𝗿 𝗬𝗼𝘂 — TG.ME

အသက်လေးရလာပြီး ရည်းစားမထားတာကြာလာတဲ့အခါ အချစ်အပေါ် ထားတဲ့အမြင်တွေက အများကြီး ပြောင်းလဲသွားတယ်။ အရင်လို အပေါ်ယံ အပြောအဆိုလှလှလေးတွေ၊ ခဏတာ ရင်ခုန်သံတွေနောက်ကို မလိုက်ချင်တော့ဘူး။ ကိုယ့်အနားမှာ ရှိနေတဲ့အခါ စိတ်ဒဏ်ရာတွေမပေးဘဲ စိတ်အေးချမ်းမှုပေးနိုင်မယ့်သူ၊ အပြန်အလှန်လေးစားမှုရှိပြီး အတူတူရင့်ကျက်နိုင်မယ့်သူမျိုးကိုပဲ လိုချင်တော့တာ။ အဲ့ဒီလို လူမျိုးနဲ့ မဆုံသေးသရွေ့တော့ တစ်ယောက်တည်း ကော်ဖီသောက်၊ စာဖတ်ရင်းနဲ့ပဲ ကိုယ့်ရဲ့ ကမ္ဘာလေးထဲမှာ အေးအေးဆေးဆေး ရှင်သန်နေတာက အကောင်းဆုံးပါပဲ။

May 23, 2026 612 2