မေးခွန်းမှာ Elizabeth Warren's statement တွင် မပါဝင်သော ယူဆချက်ကို… — GED RLA ပညာအလှူ — TG.ME

မေးခွန်းမှာ Elizabeth Warren's statement တွင် မပါဝင်သော ယူဆချက်ကို ရွေးပေးရမယ်။ Elizabeth Warren's statement တွင် အသားပေး ထားသည်များမှာ . . .

(၁) မိသားစုများအတွက် ငွေရေးကြေးရေး လုပ်ငန်းများ အလုပ်ဖြစ်စေရန် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံမိသည့် တစ်ခုတည်းသော ထိန်းညှိမှုတစ်ခု လိုအပ်သည်။

(၂) မရှင်းလင်းဘဲ ရှုပ်ထွေးနေသော ငွေကြေးဆိုင်ရာ အသုံးအနှုန်းများ (၎င်းတို့ကြောင့် စားသုံးသူများ ထိခိုက်နစ်နာနေရသည်။) ၏ အကျိုးဆက်များ။

(၃) လက်ရှိ ပျက်စီးနေသော credit system အကြွေးစနစ်၏ ကျရှုံးမှုများနှင့် တိုင်းပြည်၏ စုပေါင်းဝန်ထုပ်ဝန်ပိုး။

ရွေးချယ်ရန်များ။

A. စုစည်းထားသော အခွင့်အာဏာသည် လွတ်လပ်မှုကို ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်
ငွေကြေးဈေးကွက်ကို ထိန်းညှိရန် ဗဟိုချုပ်ကိုင်မှုအာဏာကို Warren ကထောက်ခံသောကြောင့် Warren ၏ထုတ်ပြန်ချက်နှင့် မကိုက်ညီပါ။

B. စီးပွားရေးသည် ချေးထားသောငွေပေါ်တွင် မူတည်သည်
ဤသည်မှာ သွယ်ဝိုက်သော ယူဆချက်ဖြစ်သည်။ အကြွေးစနစ်၏ ချိုယွင်းမှုသည် မိသားစုများနှင့် စီးပွားရေးကို ထိခိုက်သည်။

C. အခွင့်အာဏာ ပဋိပက္ခသည် မသေချာမရေရာမှု ဖြစ်စေသည်

၎င်းသည် ထိန်းညှိမှုတစ်ခုတည်းမရှိခြင်းကြောင့် ပရမ်းပတာဖြစ်စေသည်ဟု Warren ၏အမြင်နှင့် ကိုက်ညီပါသည်။

D. အစိုးရ၏ ကြီးကြပ်မှု မလိုအပ်ပါ။
စည်းမျဉ်း စည်းကမ်းများ ပိုမိုရရှိရန် ထောက်ခံအားပေးနေသောကြောင့် ၎င်းသည် Warren ၏ ရပ်တည်ချက် နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

Correct Answer: A

ဖြစ်နိုင်သော အဖြေ (၂) ခု။ A , D. အနက် A ကို ရွေးသည်။ အထူး အာဏာကုန် လွှဲအပ်ခြင်း ခံရသည့် CFPB ဟုခေါ်သော ဗျူရိုကရေစီ ယန္တယားကြီးကို committee report ကဝေဘန်နေခြင်း ဖြစ်သည်။ ထို့ကြောင့် concentrated authority ကို ဇောင်းပေးသည်။ government oversight ကို မဆိုလိုပါ။
❤59👍19🐳6🍓4🔥3
January 15, 2025 26.9K 75