တောင်မြောက်လမ်းဆုံအနီး ကားလမ်းကူးနေသည့်လူငယ်ကို စစ်ကားပေါ်ဆွဲတင်သွား… — Rangoon Scout Network (RSN) — TG.ME

Forwarded fromRSRSN WEB
⚫️ တောင်မြောက်လမ်းဆုံအနီး ကားလမ်းကူးနေသည့်လူငယ်ကို စစ်ကားပေါ်ဆွဲတင်သွား

ယနေ့ စက်တင်ဘာလ ၅ ရက် နေ့ခင်း ၁ နာရီခန့်တွင် ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ တောင်မြောက်လမ်းဆုံအနီး လမ်းကူးဖို့ပြင်နေသည့် ယောကျ်ားလေး ၁ ဦးကို အကြမ်းဖက်စစ်သားများကာ ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ စစ် DC ပါသည့် ကားတန်း ၁ ခု တောင်မြောက်လမ်းဆုံမီးပွိုင့်မှ တောင်ဒဂုံရဲစခန်းထဲ ကွေ့ဝင်ဖို့လုပ်နေစဉ် အဆိုပါလူငယ်လေးကိုတွေ့ပြီး စစ် DC ကားပေါ် ဖမ်းတင်သွားခြင်းဖြစ်သည်။ ကားပေါ်တွင် အခြားလူငယ်များလည်း ရှိနေပြီး ဆွဲခေါ်ခံထားကြရပုံရသည်။

Source: RSG

05 Sep 2026
#RangoonScoutNetwork
🤬6
September 5, 2026 241 3