ဖဆပလရပ်ကွက်ထဲ လူဝင်ဆွဲသွားခဲ့ ယမန်နေ့ စက်တင်ဘာလ ၄ ရက်၊ ည ၈… — Rangoon Scout Network (RSN) — TG.ME

🛑 ဖဆပလရပ်ကွက်ထဲ လူဝင်ဆွဲသွားခဲ့

ယမန်နေ့ စက်တင်ဘာလ ၄ ရက်၊ ည ၈ နာရီကျော်လောက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်းဘက်အခြမ်း စာဆိုဗိမ္မာန်မျက်နှာချင်းဆိုင် မြဝတီဝန်းထဲက တိုက် ၁ မှာ (အခန်းမသိရ) အဌားနေထိုင်သူ  အမျိုးသား ၃ ဦးကို စစ်ကား ၁ စီးဖြင့် အကြမ်းဖက်စစ်သားများက စစ်မှုထမ်းအကြောင်းပြကာ အိမ်ထဲထိ ဝင်ဆွဲသွားသည်ဟု အနီးအနားနေထိုင်သူများထံမှ သတင်းရရှိသည်။

ထို့အပြင် ယခင်လများထဲက စစ်မှုထမ်းအတွက် လူလိုက်ရှာပြီး လူပေးနေရသည့်အတွက် ရပ်ကွက်ထဲ လူစိမ်းရောက်လာလျှင် ဧည့်စာရင်းမဖြစ်မနေတိုင်ရပြီး ထိုဧည့်စာရင်းထဲ ယောင်္ကျားလေးများပါပါက စစ်မှုထမ်းစာရင်းထဲ ထည့်လိုက်ကြောင်း ရပ်ကွက်နေပြည်သူ ၁ ဦး ပြောကြားချက်အရ သိရသည်။
'' ပြီးခဲ့တဲ့လကပဲ ဖဆပလရပ်ကွက်ထဲ တိုက် ၁၆ (အခန်း..) မှာ အဌားနေထိုင်တဲ့ ရခိုင်မိသားစု ၁ စု ထွက်ပြေးလိုက်ရတယ်။ ဧည့်စာရင်းက မိန်းမတိုင်နေကြကို မိန်းမက နေမကောင်းလို့  ယောင်္ကျားက သွားတိုင်တာမှာ သတိထားမိပြီး စစ်မှုထမ်းထဲ စာရင်းထည့်လိုက်ပြီး နောက်နေ့အိမ်ထိ စစ်မှုထမ်းစာရင်းရောက်လာတယ်...'' ဟု ၎င်းကဆိုခဲ့သည်။

သတင်းပေးပို့ရန် @MGTN_Scout_News
🤬7
September 5, 2026 278 4