⚫️ မြောက်ဒဂုံနှင့် တောင်ဒဂုံမြို့နယ်ထဲ လူငယ်များကို လိုက်ဆွဲသွား
ယမန်နေ့ စက်တင်ဘာလ ၄ ရက် မနက် ၇ နာရီခန့်တွင် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ကပရမှတ်တိုင်အနီး လူငယ် ၂ ဦး သခင်ဗစိန်လမ်းပေါ် သွားလာနေစဉ် Lite Truck ကားဖြင့် ရဲနှင့် အရပ်ဝတ်တစု ရောက်လာပြီး ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားကြကြောင်း သိရှိရသည်။
ထို့ပြင် အဆိုပါနေ့ ည ၇ နာရီခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၆၉ ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်းပေါ် သွားလာနေသည့် လူငယ် ၂ ဦးကို လူတစုမှ ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားခဲ့ကြသည်။ ထိုသို့ဖမ်းဆွဲနေသည်ကို ရပ်ကွက်နေသူများက မြင်လိုက်၍ ပြန်လွှတ်ဖို့ ဝိုင်းပြောသော်လည်း မလွှတ်ပေးခဲ့ဟု ဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့ နေ့ခင်း ၂ နာရီဝန်းကျင်တွင်လည်း တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် ၂ ဘက်သို့ ကားများဖြင့် အရပ်ဝတ်များ ရောက်လာပြီး လူငယ်များကို ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားကြကြောင်း သိရသည်။
Source: Khit Thit
05 Sep 2026
#RangoonScoutNetwork
Forwarded fromRSN WEB
7
1September 5, 2026 296 2