•••••••••••••••®•••••••••••••••
၂၀၂၆ ခုနှစ်၊ ဩဂုတ်လထဲ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူများအနက်မှ လူ ၉၈ ဦး၏ ဖြစ်စဉ်ကို RSN မှ သိရှိခဲ့ရသည်။
▪️ ဖမ်းဆီးပြီးနောက် ပြန်လွတ်/မလွတ် အခြေအနေ
• ဖမ်းဆီးခံရသူ ၉၈ ဦးအနက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသူ ၈ ဦးသာ ရှိသည်။ ၅ ဦးကို အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့သည်။ ကျန်သည့် ၈၅ ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိခဲ့ရပါ။————————
▪️ ဖမ်းဆီးသည့်ပုံစံနှင့် ထူးခြားအချက်အလက်များ
• သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခြင်းခံခဲ့ရသူ ၁၄ ဦး ရှိခဲ့သည်။ ထိုထဲ PDF/ ထောက်ပို့ ဟုစွပ်စွဲပြီး ဖမ်းဆီးခံရသူ ၅ ဦးနှင့် ဆိုရှယ်မီဒီယာပေါ် စစ်တပ်ဝေဖန်လို့ဆိုပြီး ဖမ်းဆီးခံရသူ ၂ ဦးပါသည်။————————
• ရမ်းသမ်း ဖမ်းဆီးခံခဲ့ရသူ ၄၇ ဦး ရှိသည်။ ထိုထဲ လမ်းမပေါ်သွားလာနေစဉ် ကားဖြင့်ဆွဲဖမ်းခံရသူ ၃၈ ဦး နှင့် ကားမှတ်တိုင်/လမ်းဘေး/လမ်းဘေးဆိုင်၌ ရှိနေစဉ် ဖမ်းဆွဲခံရသူ ၉ ဦး ပါဝင်သည်။ ထိုသို့ ဖမ်းဆီးခံရသူများထဲ Chinland FC ဘောလုံးအသင်းမှ ကစားသမား ၁ ဦးပါ ပါသွားခဲ့သည့်သတင်း ပျံ့သွားပြီးနောက် အသင်းမှ လိုက်ရှာထုတ်၍ ပြန်လွတ်လာခဲ့ကြောင်း သိရသည်။
• ရှောင်တခင် စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၃၄ ဦး ရှိသည်။ ထိုထဲ ဧည့်စာရင်းစစ်စဉ် ရက်ကျော်နေလို့ဆိုပြီး ဖမ်းခံရသူ ၂၅ ဦးပါသည်။ လမ်းမပေါ်လမ်းလျှောက်သွားလာနေစဉ် ရုတ်တရက်တားကာ စစ်ဆေးမေးမြန်း/ဖုန်းယူစစ်ပြီး ဖမ်းခံရသူ ၇ ဦး ရှိသည်။ အချက်အလက်တောင်းစစ်/ PSMS ဖြင့် စစ်ပြီး ဖမ်းဆီးခံရသူ ၂ ဦး ရှိသည်။
• လိမ်လည်ခေါ်ယူပြီးဖမ်းဆီးခံရသူ ၃ ဦး ရှိခဲ့သည်။ အလုပ်ရှိသည်ဟုဆိုပြီး မျှားခေါ်ခံရသူများဖြစ်သည်။
• လူလိုက်ဆွဲပြီး ရောင်းစားသည့်အဖွဲ့တဖွဲ့ကို စစ်တပ်မှ ဖမ်းဆီးပြကာ သတင်းထုတ်ပြန်ခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။
▪️ အဖမ်းအဆီးဖြစ်ခဲ့သည့် မြိုနယ်များ
• ဇူလိုင်လထဲ မြို့နယ်ပေါင်း ၁၅ မြို့နယ်မှ အဖမ်းအဆီးဖြစ်စဉ်များကို သိရှိခဲ့ရသည်။
• အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ စမ်းချောင်း၊ အင်းစိန်၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ ရွှေပြည်သာ၊ လှည်းကူး၊ သာကေတ၊ လှိုင်သာယာ၊ ဒေါပုံ၊ မြောက်ဥက္ကလာ နှင့် မှော်ဘီမြို့နယ်တို့ဖြစ်သည်။
• အထက်ပါ မြို့နယ်စာရင်းမှာ ဖမ်းဆီးခံရသည့် လူဦးရေအရေအတွက်အတိုင်း အစဉ်လိုက် ဖော်ပြထားခြင်းဖြစ်သည်။
————————
▪️ စစ်မှုထမ်းသင်တန်း
• ဖမ်းဆီးခံခဲ့ရသူများအနက် စစ်မှုထမ်းသင်တန်းအတွက်ဟု ပြန်သိရသည်မှာ ၆ ဦး ရှိသည်။ ၎င်းတို့အနက် စစ်သင်တန်းကျောင်းပို့ခံခဲ့ရကြောင်း အတည်ပြုသိရသည်မှာ ၃ ဦး ဖြစ်သည်။ နောက် ၃ ဦးကို ပြန်ရွေးထုတ်နိုင်လိုက်သည်။
• စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈ ကို ဩဂုတ်လထဲ မစတင်ခဲ့၍ စက်တင်ဘာလ ပထမပတ်ထဲ စလိမ့်မည်ဟု ယူဆရသည်။ အမှတ်စဉ် ၂၇ ကို ဩဂုတ်လ ၃ ရက်နေ့တွင်သာ စတင်နိုင်ခဲ့၍ ယခု အမှတ်စဉ် ၂၈ ပါ နောက်ကျပုံရသည်။
————————
▪️ အခြားအဖမ်းအဆီးဖြစ်စဉ်များ
• မူးယစ်ဆေးမှု၊ လုယက်မှု၊ လောင်းကစားမှု စသည့်ပြစ်မှုများဖြင့် ဖမ်းဆီးခံရသူများနှင့် လူပျောက်ဖြစ်စဉ်များလည်း ရှိပြီး ၎င်းတို့ကိုမူ ထည့်သွင်းတွက်ချက်ခြင်း မပြုထားပါ။
(ဤအချက်အလက်များသည် RSN သို့ ပေးပို့လာသည့် သတင်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများထံမှ သိရှိရသည့်သတင်းများနှင့် မီဒီယာသတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းသာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ ဤထက် ဆိုးရွားသည်။)
05 Sep 2026
#arrest #RangoonScoutNetwork







