Romance/Action
IMDb 7.1/10
ဆန်ဂျူးဆိုတာ မိဘနှစ်ပါးက အလိုလိုက်ထားလို့
ရပ်ကျော်ရွာကျော်လုပ်နေတဲ့ ခပ်ဆိုးဆိုး ခပ်ပေပေ
လူငယ်လေးဖြစ်ပါတယ်။
တစ်နေ့တော့ မိဘတွေရဲ့ဆန္ဒအရ အလုပ်လုပ်ဖို့အတွက်
ဟိုက်ဒရာဘတ် Prakesh တို့အိမ်မှာသွားနေရပါတယ်။
Prakeshနဲ့ သူ့အမေက ငယ်သူငယ်ချင်းတွေမို့
Prakesh အိမ်မှာ နေရင်း အလုပ်လုပ်ရင်းပေါ့။
Prakesh ရဲ့ဇာတ်ကောင်နာမည်က ဗစ်ရှ်ဝါနာ့သ်တဲ့။
ဗစ်ရှ်ဝါက လူတစ်မျိုးဗျ။
သူ ပေးထားတဲ့ ကတိတစ်ခုကို ဘယ်လိုနည်းနဲ့မဆို
ထိန်းသိမ်းတတ်တဲ့ လူမျိုး။ သူ့မှာ ဆန်ဂျူးနဲ့ရွယ်တူ
သမီးလေးတစ်ယောက် ရှိသေးတယ်။ အာနူးတဲ့။
အင်ဂျင်နီယာ ကျောင်းသူလေးပေါ့။
မောင်မင်းကြီးသား ငပွေးဆန်ဂျူးနဲ့ အာနူးတို့က
လာလာချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲ ဆန်ဂျူးမြို့ကို တက်လာတဲ့နေ့မှာပဲ ရထားပေါ်မှာ ရန်ဖြစ်လာကြသူတွေ။
ဒီတော့ တစ်အိမ်တည်းမှာသာ အတူနေကြတာ. . .
တစ်ယောက်ကိုတစ်ယောက် က ည့်လို့ရတဲ့သူတွေ မဟုတ်ဘူး။
သို့ပေမယ့် ဆန်ဂျူးက အာနူးကို နေ့စဉ် ဆိုင်ကယ်နဲ့
ကျောင်းကို လိုက်ပို့ပေးရတယ်။
အနေနီးလာတော့ သံယောဇဉ်ဖြစ်လာရင်းကနေ
အမောင် ဆန်ဂျူးရဲ့ မသိစိတ်မှာ အာနူးဆိုတဲ့ အချစ်ကြိုးလေးက လာပြီးငြိတွယ်မိတယ်။
ကိုယ်တိုင်က မသိပေမယ့် အာနူးကို အိမ်ထောင်ချပေးဖို့အတွက် သူ့ဖခင်ကြီး ဗစ်ရှ်ဝါက သူ့မိတ်ဆွေတစ်ယောက်ရဲ့သားနဲ့ လူကြီးချင်း စကားပြောလာပြီးတဲ့
အချိန်ကျမှ...
ဆန်ဂျူးဟာ အာနူးကို ချစ်မိနေပြီဆိုတာ သိလိုက်ရတယ်။
အဲ့ဒိနောက်တော့ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုကြပါအုန်းခင်ဗျာ...
အချစ်အက်ရှင်ဆိုပေမယ့် အချစ်ဘက်ကို ပိုယိမ်းပြီး
တစ်ကားလုံး လုံး၀ မပျင်းရအောင် ဆန်ဂျူးနဲ့ ဗစ်ရှ်ဝါတို့ရဲ့ အားပြိုင်မှုကို ကြည့်ရမှာ ဖြစ်သလို....၊
Hello ဇာတ်ကားလို ရင်ထဲမှာ တသသဖြစ်ကျန်ရစ်မယ့်
အချစ်ကားလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့
သူတွေအတွက်အမှတ်တရတစ်ခု အဖြစ် ယူဆောင်လာပေးမယ့် ကားလေးတစ်ကား ဖြစ်ပါကြောင်း ......။
https://t.me/+0JB9eJ9K7uU3YTM9
https://t.me/c/2265528314/7403
ဇာတ်ကားအသစ်တွေကြည့်ချင်ရင်
ချန်နယ်အသစ်တွေကိုJoinဖို့
https://t.me/addlist/r5oXjvrSqDwwNjQ1
