ဗီဂျေး: post #5456 — TG.ME

T*h*e Fo*un*di*ng o*f a Re^pu^bl^ic (2009)

ဒီတစ်ခါမှာတော့ ၂၀၀၉ ခုနှစ်ထွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့တဲ့ The Founding of a Republic (建国大业) ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်လမ်းဟာ ၁၉၄၅ ခုနှစ်၊ ဂျပန်တို့ လက်နက်ချပြီးနောက် ချန်ကေရှိတ် ဦးဆောင်တဲ့ အမျိုးသားရေးအစိုးရ (ကူမင်တန်) နဲ့ မော်စီတုန်း ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီ (CCP) တို့ကြားက တင်းမာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေ များစွာဖြစ်ပွားခဲ့တဲ့ ကာလကို အခြေတည်ပြီးရိုက်ကူးထားတာပါ။

ပါတီနှစ်ခုကြား ကနဦး သဘောတူညီချက်တွေ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ အတွေးအခေါ်ကွာဟတာများလာတဲ့အတွက် ပေါင်းကူးရန် မဖြစ်နိုင်တဲ့အခါ အစတည်းက နုနယ်လွန်းလှတဲ့ ငြိမ်းချမ်းရေး‌ လျင်မြန်စွာ ပြိုကွဲသွားပြီး တရုတ်ပြည်တွင်းစစ် ပြန်ဖြစ်လာပါတော့တယ်။

ဒီဇာတ်လမ်းမှာတော့ ကွန်မြူနစ်ပါတီနဲ့ ကူမင်တန်တို့ကြားက အားပြိုင်မှုတွေ၊ နိုင်ငံရေးကစားကွက်တွေနဲ့ အတွေးအခေါ်ယူဆချက်တွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ မော်စီတုန်းအဖြစ် Tang Guoqiang၊ ချန်ကေရှိတ်အဖြစ် Zhang Guoli အပါအဝင် တရုတ်နိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတဲ့အတွက် ၂ နာရီကျော်ကြာမြင့်တဲ့ ဒီဇာတ်ကားကို တရုတ်နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတွေ ကြည့်ရှုသင့်ကြောင်း အကြံပေးလိုပါတယ်။ အသုံးအနှုန်းများမှားတာရှိရင် ကြိုတင်ခွင့်လွှတ်ပေးစေလိုပါကြောင်း。。。


➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️
https://t.me/+I-Ll8C4kBrMyNzc1

➡️ဇာတ်ကားကြည့်ရန်လင့်⬇️
https://t.me/c/2385323233/2254

ဇာတ်ကားအသစ်တွေကြည့်ချင်ရင်
ချန်နယ်အသစ်‌တွေကိုJoinဖို့👇👇

https://t.me/addlist/r5oXjvrSqDwwNjQ1
❤2