ဗီဂျေး: post #5458 — TG.ME

" Sorgavaasal " (2024)

Sorgavaasal (2024)
IMDB 6.7/10

နောက်ထပ်တောင်ပိုင်း ထောင်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ၂၀၂၂ မှာထွက်ခဲ့တဲ့ Jai Bhim နဲ့အလားတူကားတစ်ကားလို့ပြောလို့ရပြီး စိတ်ထဲမှာမတင်မကျနဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးကို အစအဆုံးဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားလေးတစ်ကားမို့မိတ်ဆက်ပေးလိုက်ရပါတယ်။ တောင်ပိုင်းကားတွေရဲ့ထုံးစံအတိုင်း သဘာ၀နဲ့အနီးစပ်ဆုံး တူအောင်ရိုက်ထားတဲ့ကားမို့လို့လဲ တော်တော်လေးကိုကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းအကျဉ်းကို မပြောခင် ဒီလိုရုပ်ရှင်တွေကို ထောင် Drama လို့ပြောတာထက် Survival ရုပ်ရှင်လို့ပြောရင်ပိုမှန်မလားပါပဲ။အမြဲဘာဖြစ်မှာလဲလို့ရင်တစ်ထိတ်ထိတ်ကြည့်နေရတာပါ။ ထောင်တွင်းအဓိကရုဏ်းတစ်ခုဖြစ်သွားပြီး ထောင်သားတွေအများကြီးသေကြေခဲ့ကြပါတယ်။ အဓိကရုဏ်းရဲ့အဓိက Motive ကတော့ ထောင်လူမိုက်ကြီး ဆီဂါသေဆုံးသွားမှုကနေအစပြုခဲ့တာပါ။ ဆီဂါကိုလည်း သတ်ဖို့ကြံစည်နေတဲ့လူတွေကလည်း မနည်းလှပါဘူး။ အဲ့ဒီလိုအခြေအနေတစ်ခုမှာ လမ်းဘေးစျေးသည်လေးဖြစ်တဲ့ ပါသီဟာလည်း အမှုဆင်ခံရပြီးတော့ ထောင်ထဲကိုရောက်ရှိလာပါတော့တယ်။ ခုရုပ်ရှင်ကို ထောင်အဓိကရုဏ်းအတွက် DE/PE စစ်တဲ့ပုံစံမျိုးနဲ့ရိုက်ပြထားတာမို့ ပိုပြီးတော့ကြည့်လို့ကောင်းသလို မထင်မှတ်တဲ့ရလာဒ် မထင်မှတ်တဲ့ အကြောင်းအရာတွေနဲ့ ဇာတ်သိမ်းထားတာမို့ ရုပ်ရှင်ထဲမှာလိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦးခင်ဗျာ။

➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️
https://t.me/+0JB9eJ9K7uU3YTM9

➡️ဇာတ်ကားကြည့်ရန်လင့်⬇️
https://t.me/c/2265528314/7401

ဇာတ်ကားအသစ်တွေကြည့်ချင်ရင်
ချန်နယ်အသစ်‌တွေကိုJoinဖို့👇👇

https://t.me/addlist/r5oXjvrSqDwwNjQ1
❤3