❝ တပ်ပေါင်းစုရေး ဘယ်ဆီလဲ ❞
◾ဆောင်းပါးကဏ္ဍ
◾တပ်ဦးစာစဉ် အမှတ်(၉)
တပ်ပေါင်းစုဆိုတဲ့ ဝေါဟာရကို လတ်တလောမှာ တွင်တွင်ကျယ်ကျယ် သုံးလာကြတာကို တွေ့ရပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကာလအတွင်းမှာ ပြန့်ကျဲနေတဲ့ တပ်တွေကို မစုစည်းဘဲ ရန်သူ စကမကို အပြီးသတ် ဖြိုချနိုင်လိမ့်မှာမဟုတ်ဘူးဆိုတဲ့ လေးနှစ်တာ အတွေ့အကြုံတွေရဲ့ လမ်းညွှန်ချက်နဲ့အတူ နိုင်ငံရေးအရ တက်ကြွတဲ့ အဖွဲ့အစည်းအတော်များများ တပ်ပေါင်းစုတွေ ပေါ်ပေါက်ဖို့ ကြိုးစားလာကြတာကို မြင်ရပါတယ်။ သို့သော် ဒီတပ်ပေါင်းစုတွေက တကယ်ရော အလုပ်ဖြစ်မလားဆိုတာကို သုံးသပ်ရပါမယ်။ ဒီနေရာမှာ ပထမဆွေးနွေးရမယ့်အချက်က တော်လှန် ရေးအဖွဲ့အစည်းတွေအနေနဲ့ တပ်ပေါင်းစုဆိုတာကို ဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ နားလည်ကြသလဲဆိုတာ ဖြစ်ပါလိမ့်မယ်။ တပ်ပေါင်းစုဆိုတာကို အသီးသီး အဓိပ္ပါယ်ဖွင့်ကြရာမှာ စစ်ရေးအင်အားတွေ စုပေါင်းထားတဲ့ စစ်ရေးမဟာမိတ် စုဖွဲ့မှုမျိုးဆိုတဲ့ နားလည်မှုမျိုးနဲ့ တည်ဆောက်ကြတာမျိုး တွေ့ရ သလို နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ယာယီညီညွတ်ရေးသဘောနဲ့ ခဏတာ ပေါင်းစည်းကြတာမျိုး စတဲ့ ပုံသဏ္ဍာန်အမျိုးမျိုးတွေ့ရပါတယ်။ ဒါဆို ကျွန်တော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပေါ်လွင် အောင် ဆောင်ရွက်သွားနိုင်မယ့် တပ်ပေါင်းစုမျိုးကို ဘယ်လို အကောင်အထည်ဖော်ကြမလဲ။
ပထမဆုံးအနေနဲ့ လေးနှစ်တာကာလအတွေ့အကြုံမှာ မိမိတို့ကိုယ်တိုင်ရော အခြားအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး အနှစ်သာရအားဖြင့် စစ်ရေးမဟာမိတ်စုဖွဲ့မှုပုံစံနဲ့ တပ်ပေါင်းစုမျိုးကို အကောင်အထည်ဖော်ခဲ့တာမျိုး ရှိပါတယ်။ သို့သော် ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ စစ်ရေးမဟာမိတ် စုဖွဲ့မှုမျိုးဟာ ရန်သူကို စစ်ရေးအရ တိုက်ထုတ်တဲ့နေရာမှာပဲ အကျိုးအမြတ် ရရှိခဲ့ပြီး နိုင်ငံရေးအရ အဖိနှိပ်ခံလူထုရဲ့ လွတ်မြောက်ရေးအခန်းကဏ္ဍမှာ မျှော်မှန်းထားသလောက် တိုးတက်မှုမရှိတာကို မြင်တွေ့ရပါတယ်။ စစ်ရေးအရသာပေါင်းစည်းထားတဲ့ တပ်ပေါင်းစုတွေရဲ့ လုပ်ငန်းစဉ် (ဝါ) ဘုံလုပ်ငန်းစဉ်တွေဟာ စစ်ရေးသက်သက် လုပ်ငန်းစဉ်တွေသာ ဖြစ်နေလေ့ ရှိပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စစ်ရေးအင်အား/တိုက်အားတွေကို အရေအတွက်အရ ပေါင်းစည်းကြတဲ့အခါ ရန်သူရဲ့ဘယ်စစ်ရေးပစ်မှတ်ကို တိုက်ခိုက်ချေမှုန်းမယ်ဆိုတာမျိုး၊ ဘယ်မြို့ /ဘယ်ရွာကို သိမ်းပိုက်မယ်ဆိုတာမျိုး စတဲ့ မိမိတို့ပေါင်းစည်းမှုရဲ့ စစ်ရေးအင်အားနဲ့ ကိုက်ညီတဲ့ ဘုံလုပ်ငန်းစဉ်တွေ ထွက်လာလေ့ရှိပါတယ်။ ဒီလိုပုံစံနဲ့ စစ်ရေးအရစုဖွဲ့မှုမျိုးမှာ စနစ်တကျ ပြင်ဆင် မှုရှိရင်ရှိသလို ရန်သူကို ချေမှုန်းနိုင်တဲ့ မြို့သိမ်း၊ ရွာသိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေမှာ အောင်မြင်မှု ရလေ့ရှိတာလည်း လက်တွေ့ပါပဲ။ လက်နက်ကိုင်တပ်ဖွဲ့တခုတည်းရဲ့ အင်အားနဲ့ မတိုက်ခိုက်နိုင်တဲ့ ပစ်မှတ်တွေကို အခြားတပ်ဖွဲ့တွေရဲ့အင်အားနဲ့ စနစ်တကျပူးပေါင်းပြီး တိုက်ခိုက်ချေမှုန်း လာနိုင်တယ်ဆိုတာ ပြင်ဆင်မှုအရ အဆင့်တခုအထိ တိုးတက်လာတယ်ဆိုတာ မငြင်းနိုင်ပါဘူး။
သို့သော် ယခုလို စစ်ရေးသက်သက် တပ်ပေါင်းစုတွေဟာ ရန်သူစကမကို ချေမှုန်းနိုင်တဲ့အထိ အလုပ်ဖြစ်နိုင်မလားဆိုတာ စဉ်းစားရမယ့်အချက်ပါ။ ဒီနေရာမှာ ရန်သူကို ချေမှုန်းတယ်ဆိုတဲ့ အသုံးအနှုန်းဟာ ရန်သူရဲ့ စစ်အင်အားကို ပျက်စီးအောင် သုတ်သင်ရှင်းလင်းတယ်ဆိုတာမျိုး မရည်ရွယ်ဘဲ ရန်သူ့ရဲ့ အတွေးအခေါ်နဲ့ ရန်သူ့အတွေးအခေါ်ကလာတဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစနစ်တွေကိုပါ ဖျက်သိမ်းတယ်ဆိုတဲ့ အဓိပ္ပါယ်အားဖြင့်သာ နားလည်ရပါမယ်။ ရန်သူကို စစ်အင်အားအရသာ ချေမှုန်းနိုင်ပြီး အတွေးအခေါ်အရ မချေမှုန်းနိုင်တဲ့အခါမှာ စစ်အင်အားအရ အနိုင်ရပြီးတဲ့ အစုအဖွဲ့ဟာ ရန်သူ့အတွေးအခေါ်ကို ဆက်လက်လက်ခံကျင့်သုံးမိတာ၊ ရန်သူ့အတွေး အခေါ်ကလာတဲ့ အုပ်ချုပ်ရေး ယန္တရားတွေ၊ လူမှုရေး၊ စီးပွားရေး အဆောက်အအုံတွေနဲ့ အခြေခံ လူထုကို ဆက်လက်ဖိနှိပ်မိတာ မျိုးတွေ ကြုံတွေ့လာရတတ်ပါတယ်။ ဒီအခါမှာ ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ အစိုးအရအပြောင်းအလဲ တရပ်ထက်မပိုတဲ့ တဝက်တပျက်ရလဒ်မျိုးနဲ့သာ ကျေနပ်ရတဲ့ အနေအထားကို ရောက်ရှိသွားနိုင်ပါတယ်။
ကျွန်တော်တို့ဟာ တော်လှန်ရေးတရပ်ကို ဆင်နွှဲတဲ့အခါမှာ ယခုလို တော်လှန်ရေးတရပ် အဖြစ် အဖိနှိပ်ခံလူထုကို အုံကြွစေခဲ့တဲ့ အုပ်စိုးသူလူတန်းစားရဲ့ ဖိနှိပ်ရေးယန္တရားတွေ၊ ဖောက်ပြန်တဲ့ အတွေးအခေါ်တွေနဲ့ ဒီအတွေးအခေါ်တွေကလာတဲ့ လူမှုရေးစနစ်တွေ စီးပွားရေးစနစ်တွေကို အပြီးတိုင်ဖျက်သိမ်းနိုင်ပါမှ အဖိနှိပ်ခံလူထုကြီးဟာ တကယ်လွတ်မြောက်မှုကို ခံစားရပါလိမ့်မယ်။ ဒါကြောင့် တော်လှန်ရေးကို အောင်ပွဲရသည်အထိ အဆုံးတိုင်ဆင်နွှဲသွားမယ့် အဖွဲ့အစည်းတွေ အနေနဲ့လည်း ဒီရည်မှန်းချက်တွေ အကောင်အထည်ဖော် ပေါက်မြောက်အောင် တစိုက်မတ်မတ် ဆောင်ရွက်သွားရုံကလွဲပြီး တခြားမရှိတော့ပါဘူး။ ဒီလို တော်လှန်ရေးအပေါ်၊ တိုက်ပွဲအပေါ် အတွေးအခေါ်အရ အနည်းငယ်ရှင်းလင်းလာပြီဆိုရင် ရန်သူ့အင်အားကို စစ်ရေးအရချေမှုန်း နိုင်ခြင်းဟာ တော်လှန်ရေးရဲ့အဆုံးသတ် မဟုတ်သေးဘူးဆိုတာကို သိလာမြင်လာကြပါမယ်။ ဒီလို သိလာတာနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးအတွင်း စစ်ရေးသက်သက် စုဖွဲ့ကြတဲ့ တပ်ပေါင်းစုစုဖွဲ့မှုတွေဟာလည်း အဖိနှိပ်ခံလူထုလွတ်မြောက်ရေးကို ဆောင်ကြဉ်းနိုင်လိမ့်မှာမဟုတ်ဘူးဆိုတာက
1July 27, 2026 121