ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF: post #669 — TG.ME

ငြင်းစရာမရှိတော့ပါဘူး။ ဒီလိုဆိုရင် အဖိနှိပ်ခံလူထုတွေကို လွတ်မြောက် စေမယ့် တကယ်အလုပ်ဖြစ်မယ့် တပ်ပေါင်းစုမျိုးကို ကျွန်တော်တို့ဘယ်ကစကြမလဲ စဉ်းစားရပါ တော့မယ်။ ကျွန်ုပ်တို့ ရည်ရွယ်သော တပ်ပေါင်းစု တပ်ပေါင်းစုလို့ ပြောကြမယ်ဆိုရင် အဖိနှိပ်ခံလူထုလွတ်မြောက်ရေးကို ဘုံလုပ်ငန်းစဉ်အဖြစ် ဦးတည်တဲ့ တပ်ပေါင်းစုမျိုးကို ပြည်သူ့တော်လှန်ရေးတပ်ဦးက ဆိုလိုပါတယ်။ ဒီကစကြမယ်ဆိုရင် ဗမာပြည်လူ့အဖွဲ့အစည်းဟာ လူတန်းစားအလွှာအသီးသီး ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ် ဆိုတာကို ကနဦး ရှုမြင်နိုင်ဖို့လိုပါတယ်။ ဗမာပြည်လူ့အဖွဲ့အစည်းအတွင်းမှာ လူတန်းစားတွေ အသီးသီး ကွဲပြားနေကြပြီး စီးပွားရေးအရ အမြင့်ဆုံးမှာ နေရာယူထားတဲ့ လူတန်းစားက အခြား လူတန်းစားတွေကို ဖိနှိပ်နေတယ်ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ရပါမယ်။ ဒီလိုဆိုရင် ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ဖိနှိပ်တဲ့လူတန်းစားနဲ့ အဖိနှိပ်ခံရတဲ့ လူတန်းစားဆိုပြီး ကွဲပြားတည်ရှိနေတာ မြင်ရပါပြီ။ ကျွန်တော်တို့ တပ်ဦးရဲ့ ရည်ရွယ်ချက်က ဒီလို လူတန်းစားတခုက အခြားလူတန်းစားတွေကို ဖိနှိပ်နေတဲ့အခြေအနေ၊ ဒီအခြေအနေအပေါ်ကနေ လူတန်းစားတွေ ကွဲပြားတည်ရှိနေတဲ့ အခြေအနေကို အပြီးတိုင် ဖျက်သိမ်းဖို့ပါ။ ဒါကြောင့် ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာရည်မှန်းချက်ဟာ အဖိနှိပ်ခံလူတန်းစားများ လွတ်မြောက်ရေးဖြစ်လာပါတယ်။ ဒါဆို အဖိနှိပ်ခံနေရတဲ့ လူတန်းစားတွေက ဘယ်လူတန်းစားတွေဖြစ်မလဲ။ အရင်းရှင်စနစ်ရဲ့ လွှမ်းမိုး ခြယ်လှယ်မှုအရ ဗမာပြည်လူ့အဖွဲ့အစည်းမှာ လက်ဝေခံအရင်းရှင်၊ အမျိုးသားဓနရှင်၊ ဓနရှင် ပေါက်စနဲ့ အလုပ်သမား၊ လယ်သမားဆိုပြီး လူတန်းစားတွေ ကွဲပြားတည်ရှိနေပါတယ်။ ဒီလို ကွဲပြား နေတဲ့နေရာမှာလည်း အထက်မှာပြောခဲ့သလို ဗမာပြည် လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးအလွှာမှာရှိတဲ့ လက်ဝေခံအရင်းရှင် လူတန်းစားက အခြားလူတန်းစားတွေကို နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဖိနှိပ်ခြယ်လှယ်ပြီး တည်ရှိနေကြတာဖြစ်ပါတယ်။ ဒီတော့ ဗမာပြည်လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးအလွှာမှာရှိနေတဲ့ လက်ဝေခံအရင်းရှင်လူတန်းစားမှာ ဘယ်သူတွေပါနေမလဲ။ လွတ်လပ် ရေးရပြီး အစောပိုင်းကာလတွေမှာ ဦးနုအစိုးရရဲ့ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပေမယ့် သက်တမ်းမရှည်ခဲ့တဲ့အတွက် လက်ဝေခံအရင်းရှင်လူတန်းစားကို ကြာကြာ ကိုယ်စားမပြုနိုင်ခဲ့ပါဘူး။ ၁၉၅၈ နဲ့ ၁၉၆၂ ခုနှစ်တွေမှာ ဗိုလ်နေဝင်းဦးဆောင်တဲ့ တပ်မတော်က နိုင်ငံတော်အာဏာကို ဦးနုအစိုးရထံကသိမ်းယူလိုက်တဲ့အချိန်ကစလို့ စစ်အုပ်စုဟာ ဗမာပြည် လက်ဝေခံအရင်းရှင်လူတန်းစားကို အစဉ်အဆက် ကိုယ်စားပြုလာပါတယ်။ ဒီလိုကိုယ်စားပြုရင်း နဲ့ပဲ စစ်အုပ်စုနဲ့ အပေါင်းအပါ ခရိုနီတွေဟာ ဗမာပြည်လူ့အဖွဲ့အစည်းရဲ့ အပေါ်ဆုံးအလွှာမှာ တစိုက်မတ်မတ်နေရာယူလာခဲ့ပြီး ၎င်းတို့ရရှိထားတဲ့ နိုင်ငံတော်အာဏာနဲ့ စီးပွားဥစ္စာတွေကိုကာ ကွယ်ဖို့ စစ်တပ်၊ရဲတပ်နဲ့ တရားရုံးတွေကို လက်ကိုင်တုတ်အဖြစ် အသုံးချပြီး အခြားလူတန်းစား တွေကို အစဉ်အဆက်ဖိနှိပ်လာပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုရင် စစ်အုပ်စုရဲ့ သဘောထားကို အထင်အရှား တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အဖိနှိပ်ခံလူထုလွတ်မြောက်ရေးကို မဟာဗျူဟာရည်မှန်းချက်အနေနဲ့ထားမယ်ဆိုရင် စစ်အုပ်စုနဲ့ ၎င်းတို့တည်ဆောက်ထားတဲ့ယန္တရား (ဝါ) စစ်(၃)စစ်ကို အမြစ်ဖြတ်ချေမှုန်းရေးဟာ ပြည်သူ့တော်လှန်ရေးတပ်ဦးရဲ့ အဓိကလုပ်ငန်းစဉ် ဖြစ်လာ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရည်ရွယ်တဲ့ တပ်ပေါင်းစုဟာ အဖိနှိပ်ခံလူထုလွတ်မြောက် ရေးကိုဦးတည်တဲ့ တပ်ပေါင်းစုမျိုးဖြစ်လာပြီး ဘုံလုပ်ငန်းစဉ်အနေနဲ့တော့ စစ်(၃)စစ်ကို အမြစ်ပြတ် ချေမှုန်းရေးဖြစ်လာပါတယ်။ အထက်မှာပြောခဲ့သလို တပ်ပေါင်းစုမျိုးကို လက်တွေ့တည်ဆောက်ကြမယ်ဆိုရင် တပ်ပေါင်းစုအတွက် လိုအပ်တဲ့ သဘောတရားရေးရာအပိုင်း ပြင်ဆင်ရတာရယ်၊ သဘောတရား ရေးကလာတဲ့ လုပ်ငန်းစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်မယ့် တပ်ပေါင်းစုအခြေခံ ဒေသရယ်ရှိလာပါမယ်။ သဘောတရားရေးရာအပိုင်း ပြင်ဆင်တဲ့နေရာမှာ တပ်ပေါင်းစုကကိုင်တွယ် မယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ စံနှုန်းတွေအတွက် တပ်ပေါင်းစုအတွင်းပါဝင်မယ့် အဖွဲ့အစည်းတွေကြား ဘုံသဘောတူညီချက် ပေါ်ထွက်လာအောင် ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးကြရမှာ ဘယ်အတွေးအခေါ်ကို အခြေခံတဲ့ စံတန်ဖိုးတွေ ဖြစ်မလဲဆိုတာက ပါဝင်မယ့် အဖွဲ့အစည်းအသီးသီးရဲ့ ရွေးချယ်ခွင့်ဖြစ်ပြီး တပ်ပေါင်းစုထဲမှာ ဒီစံတန်ဖိုးတွေကို ကျေလည်လက်ခံ လာအောင် စည်းရုံးဆွေးနွေးရမှာကတော့ တပ်ပေါင်းစုအလုပ်ဖြစ်ပါတယ်။ ဒီလို သဘောတရား ရေးရာအပိုင်းမှာ အဖွဲ့အစည်းအသီးသီးက မိမိတို့ယုံကြည်တဲ့ စံတန်ဖိုးတွေကို တင်သွင်းဆွေးနွေး ရင်းနဲ့ပဲ အဖွဲ့အစည်းအားလုံး ကျေလည်လက်ခံလာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဘုံသဘောတူညီချက်တွေ ရရှိလာမှာပါ။ သို့သော် ဒီလိုသဘောတူညီမှုမျိုးကို အဖွဲ့အစည်းအများ စုက သာကျေလည်ပြီး မကျေလည်တဲ့ အဖွဲ့အစည်းတွေရှိခဲ့ရင် တဖက်က အပြန်အလှန် စည်းရုံးကြ ရမှာဖြစ်သလို စည်းရုံးလို့မရတော့တဲ့အဖွဲ့အစည်းတွေကိုလည်း ဆန္ဒအလျောက် တပ်ပေါင်းစုကနေ နှုတ်ထွက်ခွင့်ပေးရမှာဖြစ်ပါတယ်။ ဒီလို တပ်ပေါင်းစုမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ဆွေးနွေး ပြီးသား၊

July 27, 2026 107