ဧရာဝတီတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အ.ထ.က(အိုင်သပြု)ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ပေး
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် အခြေခံပညာစာသင် ကျောင်းများအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ဆရာ၊ ဆရာ မများ၊ ကျောင်းသား/သူများအန္တရာယ်မဖြစ်စေရေးအတွက် စာသင် ကျောင်းများကိုယာယီပိတ်ခဲ့ရကြောင်း သိရသည်။
လက်ရှိအချိန်၌ ရေများပြန်လည်ကျဆင်းလာ၍ ကျောင်းသား/သူများ စာသင်ကြားမှုနောက်မကျစေရေးအတွက် ယာယီပိတ်ထားခဲ့ရသော စာသင်ကျောင်းများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရေကြီးနစ်မြုပ်ခဲ့ရသော အိုင်သပြုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုံခြုံရေးအ ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ရေ ကြီးစဥ်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံနွံများကို ယနေ့ စက်တင်ဘာ ၁ ရက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ဧရာဝတီတိုင်းဝန်ကြီးချု/
5
1
1
1
1September 1, 2026 785 1




