နီပေါနိုင်ငံ၏ သဘာဝဘေးအန္တရာယ်ဖြစ်စဥ်အတွက် မြန်မာသံအမတ်ကြီးက… — Popular Journal — TG.ME

နီပေါနိုင်ငံ၏ သဘာဝဘေးအန္တရာယ်ဖြစ်စဥ်အတွက် မြန်မာသံအမတ်ကြီးက ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုး

ပြီးခဲ့သည့်  ဩဂုတ် ၂၆ ရက်က နီပေါနိုင်ငံ၊ ရာဆူဝါခရိုင်နှင့် အနီးတစ်ဝိုက်၌ ရေကြီးရေလျှံမှုနှင့် မြေပြိုခြင်းတို့ကြောင့် သေဆုံးမှုများဖြစ်ပေါ်ကာ အိမ်များ၊ လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အ ခြားအဆောက်အအုံအများအပြားပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် နီပေါနိုင်ငံ၏ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန ၌ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က စက်တင်ဘာ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
❤5👍3🥰1
September 2, 2026 1K 1