ဒုတိယသမ္မတဦးညိုစောက ရုရှားနိုင်ငံ၏ အဆင့်မြင့်အရာရှိကြီးနှစ်ဦးကို… — Popular Journal — TG.ME

ဒုတိယသမ္မတဦးညိုစောက ရုရှားနိုင်ငံ၏ အဆင့်မြင့်အရာရှိကြီးနှစ်ဦးကို သီးခြားစီတွေ့ဆုံ
 
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေးတို့ကိုဆွေးနွေး

ဒုတိယသမ္မတဦးညိုစောသည် ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင်ကျင်းပမည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့တက်ရောက်ရန် ဗလာဒီဗော့စတော့မြို့၌ရောက်ရှိနေသည်။

ထိုသို့ ရောက်ရှိနေစဥ်  စက်တင်ဘာ ၁ ရက်တွင် ဒုတိယသမ္မတဦးညိုစောက ရုရှားဖက်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ယူရီပက် ထရိုဗစ်ချ် ထရုညက်ဖ်နှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေး၊ ပညာ ရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေး၊ စွမ်းအင်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍတိုးမြှင့်အကောင်အထည်ဖော်ဆောင်ရေးနှင့် ဗလာဒီဗော့စတော့မြို့တွင် ရုရှားနိုင်ငံဆိုင်ရာ မြန်မာကောင် စစ်ဝန်ချုပ်ရုံးဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/ဒုတိယသမ္မတဦးညိုစောက-ရုရ/
❤8👍6
September 2, 2026 2.1K 3