ရေကြည်မြို့နယ်၌ ရေများပြန်လည်ကျဆင်းလာ အစိုးရရုံးများနှင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေ
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် အစိုးရရုံးများ၊ အခြေခံပညာစာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ လက်ရှိအချိန်တွင် ရေများပြန်လည်ကျဆင်းလာသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် ဒေသခံများပူးပေါင်း၍ အစိုးရရုံးများ၊ အခြေခံပညာစာသင်ကျောင်းများအတွင်း၌ တင်ကျန်နေသော အမှိုက်သရိုက်များ၊ ရွှံ့နွံများကိုဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖယ်ရှားရှင်းလင်းနေမှုကို ဧရာဝတီတိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက စက်တင်ဘာ ၂ ရက်တွင်ကြည့်ရှုအားပေးပြီး ရေဘေးသင့်သူများအား တိုင်းအစိုးရအဖွဲ့မှထောက်ပံ့သည့် ဆန်(၂၄)ပြည်အိတ်(၁,၄၈၀)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
7
2
2September 3, 2026 538







