စာအုပ်လင့်များ: post #8344 — TG.ME

နောက်တစ်ခုက လာဝယ်စားသူတွေ 🙂 ကိုယ်တိုင်ဂျပန်လို အလုံးစုံတတ်ပါလျက် ကိုယ့်စကားနားမလည်ဘူးလို့အပြောခံရတာ နိုင်ငံခြားသားနဲ့စကားမပြောချင်ဘူး ဂျပန်လူမျိုးကိုခေါ်ပေးလို့ ပြောခံရတာ အမှန်က ဂျပန်ကလူဦးရေကျဆင်းမှုကြောင့် လုပ်ငန်းခွင်တိုင်းမှာ နိုင်ငံခြားသားကိုခန့်ထားရတာများတယ် ဒါကိုသိနေရက်နဲ့ ခွဲခြားတယ် က်ိုယ့်စကားနားမလည်ဘူးလိုမျိုးအပြောခံရတာကျ ဘယ်သူ့မှတိုင်မရ

ကြည့်သွားတဲ့အကြည့်တွေ ပြောသွားတဲ့စကားတွေ ကိုယ့်ရှေ့မှာပဲတမင်လုပ်သွားတဲ့ အမူရာတွေကြောင့် စိတ်တိုရတာမျိုး သက်သေပြစရာမရှိလို့တိုင်မရတာမျိုးကြောင့် စိတ်ပိုင်းဆိုင်ရာမှာ နေ့တိုင်းနီးပါးထိခိုက်တယ်

မှတ်မှတ်ရရ ကိုယ်အရမ်းမုန်းတဲ့ ဂျပန်မန်နေဂျာရဲ့အမူရာတွေကို ခုထိမမေ့ဘူး “use your brain” တို့ “think” တို့ကို မျက်လုံးကြီးပြူးပြီး လူကြားထဲပြောတာ ၊ အသုံးမကျတဲ့လူလို တမင်ဖယ်ထားပြီး ကိုယ့်ကိုပဲကွက်စကားမပြောတာ ဒါတွေကို စိတ်ထဲကခုထိထုတ်မရဘူး ၆ နှစ်ကျော်လာတဲ့အထိ

ဒါတောင် လုပ်ငန်းကြီးမှာ တစ်ခြားနိုင်ငံမှာ အနေကြာတဲ့ ကိုယ့်ဆရာဂျပန်တွေကောင်းကြလို့သာ အလုပ်ဆက်လုပ်ဖြစ်တာ အဲ့လူနဲ့တုန်းက ထွက်ဖို့အထိဖြစ်ခဲ့တာပဲ

————

နောက်တစ်ခုက ဖြတ်သန်းရတဲ့နေ့စဉ်ဘဝ

၂၄ နာရီမှာ ၂၀ နာရီနီးပါးက လှုပ်လှုပ်ရှားရှားနေရတာ
အလုပ်နဲ့ဝေးတဲ့နေရာနေမိရင် ၁ နာရီကြာရထားစီးရမယ် taxi ခက အရမ်းစျေးကြီးတော့ bus မီရင်မီ မမီရင် ရထားပဲမှီခိုကြရတာမို့ အလုပ်သွားအလုပ်ပြန် ၂ နာရီကနေ ၄ နာရီကြာတယ် လမ်းလျှောက်ရတာတွေပါထည့်တွက်

အလုပ်ချိန်က ၈ နာရီပြောပေမယ့် full time လုပ်သူတွေက အထက်လူကြီးမပြန်မချင်းပြန်မရဘူး ဒါယဉ်ကျေးမှု Overtime မယူပဲ အလုပ်မှာနေကြရမယ်

Part time လုပ်သူတွေကျလဲ ဝင်ငွေအတိုင်းတာတစ်ခုထိရဖို့ အလုပ်ကို တစ်နေ့ ၁၀ နာရီ ၁၂ နာရီလုပ်မှ စရိတ်ကာမိနိုင်တယ်

ဂျပန်မှာပျော်ကြတဲ့လူတွေက အပြင်ဝန်ဆောင်မှုတစ်ခုခုပေါင်းလုပ်ရင်း ငွေရွှင်ကြတဲ့လူတွေ ဂျပန်အလုပ်မှာ full time ,part time သမားတွေအတွက် ကိုယ်ပိုင်အချိန်အရမ်းနည်းတယ်

ဒါကြောင့် မိသားစု၊ သူငယ်ချင်းကို အချိန်မပေးနိုင် နေမကောင်းမကျန်းမာရင် တိုင်ပင်စရာ အဖော်လိုက်ပေးစရာကို အလွယ်ခေါ်မရဘူး အချိန်တိုင်း တန်ဖိုးရှိနေတာမို့

—————

အလုပ်သွားရင် လုပ်ငန်းခွင်စိတ်ပိုင်းဆိုင်ရာထိတယ် အိမ်ပြန်လာရင် အထီးကျန်ပြီး ခန္ဓာကိုယ်က ပင်ပန်းနေတယ် ဒါကြောင့် ကိုယ်တွေလို အစားမက်သူတွေကျ ဂျပန်ရောက်ပြီးမှ စိတ်ထွက်ပေါက်ဆိုစားပြီး ထိုး ဝ လာကြတာမျိုး

ဆိုတော့ ဘဝက တစ်ဖြည်းဖြည်းအဓိပ္ပါယ်မဲ့လာသလိုတွေးမိတဲ့အချ်ိန် တစ်ခုတည်းသော စိတ်ကိုထိန်းနိုင်မယ့် အဖြေက မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစု၊ ချစ်သူရည်းစား

သို့မဟုတ် ဂျပန်မှာပဲ တွေ့ကြချစ်ကြတဲ့ ချစ်သူရည်းစား ( အထီးကျန်မှုကို ဒဏ်မခံနိုင်တဲ့လူတွေကျ မြန်မာမှာ လက်ထပ်ယူထားတဲ့ ယောကျာ်း မိန်းမရှိတောင် ဂျပန်ရောက်ရင် ဖောက်ပြန်ကြတယ်) ဒါကြောင့် ဟာသလိုတောင်ဖြစ် ဂျပန်ရောက်ရင် လူတိုင်းကဖောက်ပြန်တယ်တဲ့

ဒီလိုအချိန်မှာ မိဘက အဆင်မပြေကြောင်းညည်းညူနေတာ မကျန်းမာတာနဲ့ ရည်းစားရဲ့ပြစ်တင်ရစ်မှုတွေက စိတ်ကျန်းမာရေးကို ပိုဆိုးစေတယ်

ဟိုခွေးတွေလုပ်တဲ့ကိစ္စမှာဆို သမီးဖြစ်သူကဂျပန်မှာ အမေ့ကိုဖြတ်တဲ့ video ကိုမြင်လိုက်ရချ်ိန် စိတ်ပိုင်းဆိုင်ရာဘယ်လောက်ထိခိုက်သွားမလဲ တွေးမိပြီးရင်နင့်ရတယ်

ဒါတွေက ဂျပန်ရောက်မြန်မာတွေကို စိတ်ထိခိုက်မှုပိုဖြစ်စေပြီး ပိုဆိုးလာစေတယ်

ကိုယ့်ဘဝကိုယ်အဆုံးသတ်ပစ်တာတွေ စိတ်ကျန်းမာရေးကုသရတာတွေက ဂျပန်မှာ နေ့တိုင်းနီးပါးဖြစ်နေတဲ့ကိစ္စလို

———

ကိုယ့်သူငယ်ချင်းအဖြစ်ကိုပြောပြရရင်

ဂျပန်မှာ ၄ နှစ် trainee visa နဲ့ စက်ရုံမှာအလုပ်လုပ်ရတယ် ကျောင်းတုန်းက အရမ်းစာတော်တဲ့သူငယ်ချင်းက စက်ရုံမှာပဲ နေ့နေ့ညညဆိုတော့
သူနဲ့ရန်ကုန်မှာပြန်တွေ့ကြချ်ိန် ပြောပြဖူးတာ “ မှုံကြီးရယ် ငါလေ ဒီပြန်ရောက်တော့ လမ်းပါမကူးတတ်တော့ဘူး၊ ထမင်းလဲမစားနိုင်ဘူးဟိုမှာဆို ပင်ပန်းပြီး တစ်နေ့တစ်နပ်ပဲ၊ လူက တစ်ယောက်တည်းနေတတ်တော့ ပိုဆိုးတယ် ငါလေ နေဝင်နေထွက်တောင် မမြင်ခဲ့ဘူးဟိုမှာ ပိတ်ရက်ကျ ပင်ပန်းပဲ အခန်းပဲအောင်းလိုက်တာဆိုတော့ ပိုက်ဆံကစုရမှာဆိုတော့လေ” တဲ့

ဆုံးသွားတော့ အစာအိမ်ရောဂါနဲ့ ဒီစာကို သူ့မိသားစုမဖတ်မိပါစေနဲ့ဆုတောင်းတယ်

အဆိုးဆုံးက သူ့ကျန်ခဲ့တဲ့ရည်းစား ၄ နှစ်လုံး ငွေစုပြီးပြန်ပို့ခဲ့တဲ့ရည်းစားက သူမြန်မာပြည်ပြန်လာပြီး လပိုင်းအတွင်း တခြားတစ်ယောက်နဲ့ရွာမှာ အကြီးကျယ်မင်္ဂလာဆောင်သွားတယ်

ခုထိ ငါ့သူငယ်ချင်းဆုံးရတာကိုရင်နာလို့မဆုံး ကျန်းမာရေးကြောင့်ပေမယ့် စိတ်ပိုင်းဆိုင်ရာဘယ်လောက်ထိခိုက်သွားခဲ့မလဲတွေးမိ

ဆ်ိုတော့လေ
ဂျပန်မှာ နေကြတဲ့လူတွေကို ကိုယ်ချင်းစာတယ်
ဒီစာကိုဖတ်နေချိန် နှစ်သိမ့်စကားလေးတစ်ခုတော့ပြောချင်တာ အချိန်တစ်ခုရောက်ရင်ငွေထုပ်ပိုက်ပြီး ထွက်လာကြဖို့ အခုရုန်းကန်ရတယ်မှတ်ပြီးပဲ ကျန်းမာအောင်နေကြပါ

စိတ်ပိုင်းဆိုင်ရာအဆင်မပြေတဲ့အခါ တရားတော်တွေနာပြီး တရားထိုင်တဲ့အကျင့်လေးလုပ်ကြပါ

ဂျပန်မှမဟုတ် ထိုင်းရောက်မြန်မာတွေ ကိုရီးယားရောက်မြန်မာတွေလဲ အရမ်းစိတ်ဖိစီးရတာ ဒါလီတို့ကိုယ်တိုင်လဲ ကိုယ့်ကိုကိုယ်အဆုံးသတ်ဖ်ို့ တွေးဖူးတဲ့အချိန်ဆိုတာ ခဏခဏပါပဲ
❤1
August 19, 2026 539 3