ဂျပန်က စိတ်ကျန်းမာရေးထိတဲ့ မြန်မာတွေအကြောင်းဖတ်ရတော့လေ ဂျပန်ကိုခုမှသွားကြမယ့်မြန်မာတွေရော ဂျပန်ရောက်နေပြီးမြန်မာတွေရောအတွက် တစ်ခုလောက်ကိုယ်ချင်းစာပြီး ရေးချင်တာ
<စာရှည်ပါတယ်>
( ဂျပန်က လူ့အခွင့်ရေးရမှုကောင်းတယ်၊ အခွန်စနစ်က အရမ်းအဖ်ိုးခကြီးသလို ပင်စင်ခွန်မျိုးဆို ဂျပန်ကအထွက် ပြန်အမ်းရင် စုဆောင်းထားတဲ့ငွေလို ငွေထုပ်ပိုက်ထွက်လာလို့ရတယ် လစာခေါင်းပုံဖြတ်ခံရတာတွေမရှိဘူး လုပ်ငန်းခွင် လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရတာတို့ ၊ သိသိသာသာခွဲခြားဆက်ဆံခံရတာ အနိုင်ကျင့်ခံရတာတို့ မရှိဘူး တိုင်လို့ရတယ် အရေးယူပေးတယ် နိုင်ငံခြားသားတစ်ယောက်ရဲ့ လူ့အခွင့်ရေးတော်တော်များများကို ကာကွယ်ပေးထားတယ် ဝင်ငွေကောင်းတယ်)
ဒါပေမယ့် ဒါတွေအားလုံးက အကျိုးတွေ တဖက်မှာ အပြစ်တွေကလဲ သိသိသာသာရှိတယ်
နေရာတကာပါတာတော့မဟုတ်ပါဘူး
တက္ကသိုလ်တည်းက ကိုယ့်အချစ်ဆုံးသူငယ်ချင်း မသက”ဂျပန်ကပြန်လာပြီး ဆုံးသွားခဲ့တာမို့ လွန်ခဲ့တဲ့ ၂၀၁၉ တုန်းက Covid ကြောင့် အသုဘတောင်မသွားနိုင်ခဲ့တဲ့စိတ်နဲ့ note ထဲ ရေးဖူးတဲ့စာလေးကို ပြန်ဖတ်ပြီး ပြန်ရေးတာပဲဆိုပါတော့
ကျောင်းတည်းကခင်လာပြီး ၇ နှစ်ကျော် best friend ဆုံးထားဖူးတာမို့ ဂျပန်ရောက်သားသမီးတွေအပေါ် မှီခိုနေတဲ့မိသားစု၊ ချစ်သူရည်းစားတွေကိုလဲ နားလည်ပေးစေချင်လို့
ဘယ်လိုဆုံးတာလဲဆိုတာတော့ privacy တစ်ခုရှိတာမို့ အကြမ်းလောက်ပဲ နောက်ဆုံးမှာပြောပြပါမယ်
- ပထမဆုံး ဂျပန်ရဲ့နေထ်ိုင်မှုပုံစံနဲ့ အလုပ်ခွင်စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှု
စနစ်ကျတယ် စည်းကမ်းရှိတယ် တိတ်ဆိတ်တယ် လှပတယ်
နိုင်ငံကို ဒီလိုမြင်ရသလို တစ်ဖက်အမှောင်ခြမ်းမှာကလဲ နေရာတိုင်းက တိတ်ဆိတ်ပြီးခြောက်ကပ်နေတာ ၊ လူတွေမျက်နှာက အပြုံးမရှိတာ ၊ နေရာကလှသလောက် လူတွေကနှလုံးသားမရှိ စိတ်ထားလှသူရှားတာ
အလုပ်ကြိုးစားကြတယ်ရဲ့နောက်မှာ ဖိအားထိုးတက်နေမှုတွေကြောင့် ပုံမှန်လူတစ်ယောက်ရဲ့ အနုပညာဆန်မှု နူးညံ့မှုတွေပျောက်ကုန်တာမို့ ကိုယ်ချင်းစာစိတ်တွေမရှိတော့ဘူး (ဒါကြောင့် ဂျပန်ရဲ့ စိတ္တဇပြစ်မှုတွေက တခြားနဲ့မတူဘူး အရမ်းရက်စက်ကြတယ်)
ဒါကြီးတွေထိ ထုတ်ပြောဖို့မလိုပေမယ့် ဘဝမှာ အတည်တကျရေရှည်တွဲဖူးတဲ့ ရည်းစား၃ယောက်ပဲရှိတာ ၂ ယောက်က ဂျပန် တစ်ယောက်က ဂျပန်မှာကြီး ဂျပန်မှာကျောင်းပြီးတဲ့လူ
၃ ယောက်လုံး ဂျပန်လူ့အဖွဲ့စည်းနဲ့ဆန့်ကျင်နေတဲ့လူတွေမို့ အမြဲသိချင်တာမေးတိုင်းပြောပြလေ့ရှိလို့ ဂျပန်လူနေမှုပုံစံကို တော်တော်များများသိထားတယ် ကိုယ်တိုင်လဲ ဂျပန်ကုမ္ပဏီမှာအလုပ်လုပ်ခဲ့တာမို့လဲပါတယ်ပေါ့
အရမ်းတော်ကြ အောင်မြင် တိုးတက်နေတဲ့နိုင်ငံက အပေါ်ယံတွေများပြီး အဆိပ်သင့်နေတဲ့လူ့အဖွဲ့စည်းရှိနေတာကိုလဲ သိထားရမယ်
- နေ့တိုင်းနေထိုင်မှုပုံစံကိုပြောရရင် လူတွေရဲ့အတွင်းစိတ်ကို အရက်သောက်ပြီးမှတွေ့ရတာ မျက်နှာ၂ဖက်ဆိုတာ ၂ ဖက်ကို ပုံစံအမျိုးမျိုး
ပုံမှန်မှာ ရုပ်ကလေးတွေက ချစ်စရာ ခပ်ချောချောလေးတွေ သိမ်မွေ့ကြတယ် customer service က ရှင်ဘုရင်လိုခံစားရစေတယ်
နေ့တိုင်းမှာ ခါဝအိ ချစ်စဖွယ် နူးနူးညံ့ညံ့မိန်းကလေးတွေက အရက်သောက်ပြီးချိန်ဆို ဝုန်းဒိုင်းကျဲ အော်ဟစ် သောင်းကျန်းကြ နောက်ဆုံးရထားချိန်နီးရင် ဘူတာတွေမှာ အသံအကျယ်ကြီးတွေနဲ့ ဘရုတ်ကျနေတာ မြင်ရတယ်
ကြောင်တောင်တောင်နဲ့ အပြာစာအုပ် အခွေတွေကြားလျှောက်သွားနေတဲ့ နှာဘူးတွေက လူငယ်တွေကနေ အသက်၈၀ ကျော်အဘိုးကြီးတွေအထိရှိတယ် နောက်ကနေ stalking လုပ်တယ် လိုက်ထိတယ် ဒါတွေကြုံရဖူးတဲ့မြန်မာမိန်းကလေးတွေ စိတ်ဒဏ်ရာရသွားကြတယ်
———
ကိုယ့် ex fiancé ပြောဖူးတာရှိတယ်
“ဒါလီချန် အနောက်က အဲ့လိုအလိုက်ခံရတဲ့အခါ အန္တရာယ်ရှိတယ် ခံစားရတဲ့အခါ 火事だ! လို့အော်” တဲ့
“ကူညီပေးပါ 助けて!” ဆိုရင် လူတွေက သူများကိစ္စဝင်မစွက်ဖက်ချင်လို့ ကူညီမှာမဟုတ်ဘူး “မီး” လို့အော်မှ ဝိုင်းလာပြီး ဘာဖြစ်တာလဲ ဘယ်မှာလဲမေးကြလိမ့်မယ်တဲ့🙂
ဒီလို society မျိုး (ဘာလို့ဆိုတဲ့ အသေးစိတ်တော့ မတွေးတတ်)
ကူညီတတ်တဲ့လူမျိုးတွေလို့သင်ယူခဲ့ရတော့ ဒီသဘောကို အစိမ်းသက်သက်ဖြစ်တယ်
——-
အလုပ်လုပ်တဲ့လူတစ်ယောက်အနေနဲ့ပြောရရင် part time ပဲလုပ်လုပ် full time ပဲလုပ်လုပ် ခွဲခြားဆက်ဆံခံရခြင်းက လွန်လွန်ကြူးကြူးဖြစ်တာ
ထိုင်းမှာလို မဲ့ရွဲ့တာလောက်ပဲမဟုတ် လစာဖြတ်တာတွေ ခေါင်းပုံဖြတ်လို့ ဒုက္ခရောက်တာတွေတော့ ဂျပန်မှာမရှိဘူး စနစ်ကကာကွယ်ထားတယ် ဒါပေမယ့် လူတွေရဲ့ဆက်ဆံမှုပုံစံက တနုတ်နုတ် တစ်ညလုံးအိပ်မရပဲ ပြန်ခုခံလို့မရလို့ ခံပြင်းပြီး လူကိုစိတ်တိုစေတာ
ဥပမာ: ဆိုင်မှာ စားပွဲထိုးလုပ်တဲ့မြန်မာပဲဆိုပါစို့
ဂျပန်လူငယ်တွေနဲ့တွဲပြီး part time လုပ်ရင် အရင်ဆုံးခံစားရတာက ဖယ်ထားခံရမှုနဲ့ မျက်စိရှေ့ အတင်းပြောမှု ရွဲ့စောင်းခံရမှု သွယ်ဝိုက်တဲ့စကားတွေနဲ့အနှိမ်ခံရမှု ပြီးရင် အဆိုးဆုံးက အထက်လူကြီးနဲ့ကုန်းတိုက်တာရယ် စကားနားမထောင် ပူးပေါင်းဆောက်ရွက်မှုမရှိတာနဲ့ အကုန်ကိုယ့်အပြစ်ဖြစ်သွားတာရယ်
August 19, 2026 340 2