ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
..................................................................
တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာချက်
============================
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက် (၃)နာရီ (၃၀)မိနစ်အချိန်တွင် မတ္တရာမြို့နယ်၊ အနောက်တောင်ခြမ်းရှိ ကြိမ်တောရွာနှင့် ကုန်းတန်းကြီးကျေးရွာတို့၌ အထိုင်ချတပ်စွဲထားသော စကစအင်အား (၃၀)ဝန်းကျင်ခန့်အား ကျွန်ုပ်တို့ပုသိမ်ကြီးမြို့နယ်ပကဖအဖွဲ့ နှင့်အတူ ချမ်းမြသာစည်မြို့နယ် ပကဖ ၊ မဟာအောင်မြေ ပကဖ Generation Z Power- GZP(MDY)၊ အောင်မြေသာစံမြို့နယ် ပကဖ ၊ မတ္တရာမြို့နယ် ပကဖ အဖွဲ့များ ပူးပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့ရာ စကစ ဘက်မှ မျက်မြင်(၆)ဦးထက်မနည်း သေဆုံးကာ
မိမိတို့ဘက်မှ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
တိုက်ပွဲတွင်း ရန်သူ့ဘက်မှ MA11 ( ၁ )လက် နှင့် MA-2 ( ၁ )လက် တို့အပြင် ဦးထုပ်၊ မှန်ဘီလူးနှင့် အခြားခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပါသည်။
အဆိုပါ အထိုင်စခန်းနှစ်ခု၏ အနီးအနားပတ်ပတ်လည်တွင် စကစ လက်နက်ကြီး အထိုင်များရှိပြီး မန္တလေးမြို့နှင့် (၈)မိုင်ခန့်သာ ဝေးကွာသော စကစအထိုင်နေရာများလည်းဖြစ်ပါသည်။
#ပကဖ_ပုသိမ်ကြီးမြို့နယ်






